ရေဦးမြို့ရှိ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးသွားကြောင်း ရေးဦး(ပကဖ)က အသိပေး ထုတ်ပြန်သည်။
ယနေ့(ဖေဖော်ဝါရီ ၂၇)နံနက်ပိုင်းက တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များကို YEU - PDF ၊ ရေဦး(ပကဖ)၊ ပလဖတော်လှန်ရေး အဖွဲ့များ ပူးပေါင်းပြီး အဝေးပစ်လက်နက်ဖြင့် ခြောက်လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ၄၀ မမ ဗုံးသီး ခြောက်လုံး အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ ဘေးကင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
"ယနေ့မနက်ပိုင်း တိုင်းရင်းဆေးရုံကို ပူးပေါင်းအဖွဲ့၏ ပြောက်ကျားပစ်ခတ်ခဲ့ မှုအရ စစ်ခွေး၊ပျူကောင်၏ ပလပ်စတစ်အမဲအိတ် (၉)လုံး သယ်ထုတ်သွား ကြောင်း တပ်တွင်းဖရဲသီးမှ အတည်ပြုသတင်းရရှိပါကြောင်း"ဟု ရေဦး(ပကဖ)က ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရေဦးနယ်အတွင်း ဗျူဟာပြောင်း၍ ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး ယနေ့တွင်လည်း ရွှေဂူမှ ညောင်လယ်အုပ်စု ဂွက်ကျေးရွာအထိ တိုက်ရိုက်သွားပြီး ကျေးရွာအဝင်၌ သေနတ်ပစ်ခြင်း၊ နေအိမ်များ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန် ထားသည်။
People's Spring
No comments:
Post a Comment