ဖေဖေါ်ဝါရီ - ၄
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် လက်ဝဲကျေးရွာတွင် အထိုင်ချနေထိုင်ပြီး ညပိုင်းတွင် မူးယစ်သောက်စား သောင်းကျန်းနေသော အကြမ်းဖက် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စကစ လေးဦး သေသည်ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF က သတင်းထုတ်ပြန်သည်။
ဖေဖေါ်ဝါရီ(၃)ရက် ညပိုင်းက နွားထိုးကြီး မြို့နယ် လက်ဝဲရွာရှိ မူးရူးသောင်းကျန်းနေသော စစ်အုပ်စုကို သတိပေးသည့်အနေဖြင့် ပစ်ခတ်ခဲ့ရာ စကစများ ထိမှန်ပြီး သေသည်ဟု ဆိုသည်။
“စခ များသည် ၄င်းတို့ ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို လိုက်နာမှု မရှိဘဲ ညအချိန်မတော် မူးရူးရမ်းကား နေသောကြောင့် နွားထိုးကြီး PDF အဖွဲ့က တာဝန်သိတတ်စွာဖြင့် ပစ်ခတ်သတိပေးခဲ့ရာ မတော်တဆ ထိမှန် သွားခဲ့သောကြောင့် စခ လေးကောင် သေဆုံးခဲ့ပါသည်” ဟု နွားထိုးကြီး PDF က ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်အုပ်စုက လေးခွဖြင့် အပစ်ခံရသည်ဟု သတင်းလွှင့်နေသော်လည်း ၄င်းတို့အဖွဲ့က လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နွားထိုးကြီး PDF က ဆိုသည်။
ယမန်နေ့ ညပိုင်းက နွားထိုးကြီးမြို့နယ် အနောက်ပိုင်း လက်ဝဲ - မြင်းနီရွာတွင် အထိုင်ချနေသော စစ်အုပ်စုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်မှာ ဟုတ်မှန်ကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုတွင် စကစ သုံးဦး သေသည်ဟု သတင်းကြားသော်လည်း အခြေအနေ အသေးစိတ် မသိရသေးဟု ဒေသခံများက ဆိုသည်။
စစ်အုပ်စုသည် နွားထိုးကြီးမြို့နယ် လက်ဝဲရွာ၌ အထိုင်ချကာ ဒေသတွင်း မွှေနှောက်သောင်းကျန်းနေသည်မှာ လအတော်ကြာနေပြီဟု ဒေသခံများက ပြောသည်။
Mandalay Free Press - MFP
No comments:
Post a Comment