မိတ္ထီလာခရိုင်ရဲမှူးရုံးက ရဲအရာရှိအမျိုးသမီး၏ ယောကျ်ား ဖြစ်သူကိုစစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်ကာ ငွေ ၂ သိန်းတောင်းပြီးမှ ပြန်လွှတ်
ဖေဖော်ဝါရီ ၈ ရက်
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိအမျိုးသမီး၏ယောက်ကျားဖြစ်သူကိုစစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ် တွင် ဖမ်း ဆီးရိုက်နှက်ကာ ငွေ ၂ သိန်းတောင်းခံခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ရဲအရာရှိအမျိုးသမီး၏ယောကျ်ားဖြစ်သူမှာ ကုန်တင်ကားမောင်းနှင်သူဖြစ်ပြီး ၄င်းမောင်းနှင်လာသည့် ကုန်တင်ကားကို ကျောက်ဆည်မြို့နယ် လက်ပံရွာလမ်း ဆုံအနီး စစ်ဆေးရေးဂိတ်တွင်စစ်ကောင်စီတပ်က ဖမ်း ဆီး ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏မိသားစုဝင်များထံကသိရသည်။
အဆိုပါ အမျိုးသားသည် ဖမ်းဆီးရိုက်နှက်ခံရစဥ် မိတ္ထီလာခရိုင်ရုံးမှ ရဲအရာရှိအမျိုးသမီး၏ ယောကျ်ား ဖြစ် ကြောင်းပြောဆိုသော်လည်း စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဖမ်းဆီးကာ ''ရဲဆိုပိုမုန်းတယ်ကွ'' ဟုဆိုကာ ရိုက်နှက်ကြကြောင်း သိရသည်။
"မန္တလေးကနေ မိတ္ထီလာကိုမောင်းပြန်လာတာ အဲ့ဒီဂိတ်မှာ ရဲက ကားတားလို့ ရပ်ပေးတယ်။ ရဲနဲ့ပြောတော့ အဆင် ပြေလို့ဆက် မောင်းတာ။ စစ်သားတွေကထပ်တားတယ်သေနတ်ဖေါက်ပြီးတားတယ်။ ရပ်ပေးတော့ အတင်းဆွဲချပြီး လူမဆန်စွာထိုးကြိက်ရိုက်နှက်တယ်။ ဆဲဆိုကြိမ်း မောင်းပြီး PDF ဆိုပြီးပစ်သတ်လိုက်လို့တယ်ဆိုပြီး ခြိမ်း ခြောက်စော်ကားတယ်။မင်းတို့က ဘယ်ကလည်းတဲ့မေးတော့ ကျနော့ဇနီးက မိတ္ထီလာခရိုင်ရုံးက ရဲအရာရှိပါလို့ပြောတာ။ အဲ့ဒီလိုပြောတာကို ငါတို့က ရဲဆို မုန်းတယ်ကွဆိုပြီး ထပ်ရိုက်တယ်။ ပြီးတော့ ငွေ ၂ သိန်း တောင်းပြီးမှ ပြန်လွတ်ပေးတယ်" ဟုအဆိုပါ ရိုက်နှက်ခံရသူ၏ ယောက္ခမ၊ ရဲအရာရှိအမျိုးသမီး၏အဖေဖြစ်သူ ဦးဝေကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီမှဖမ်းဆီးရိုက်နှက်သည့်ကုန်ကားမောင်း သူ နှစ်ဦးသည် မျက်နှာကိုစစ်ဖိနပ်နဲ့ကန်သည့်ဒါဏ်ရာများနှင့် အောက်ပိုင်းဒါဏ်ရာများကြောင့် ကားဆက်လက်မမောင်းနိုင်တော့သဖြင့် ဝမ်းတွင်းမြို့တွင် ဝင်နားရကာ ဖေဖော်ရီလ ၃ ရက်နေ့မှ ပြန်ရောက်ရှိကြောင်း ၎င်းကဆက် လက်ပြော ဆိုသည်။
အဆိုပါ ရိုက်နှက်ခံရသည့် အမျိုးသား၏ ဇနီးသည် စစ်ကောင်စီလက်အောက်ခံ မိတ္ထီလာခရိုင်ရုံးမှ ရဲအရာရှိဖြစ်ကာ လက်ရှိအချိန်ထိတာဝန်ထမ်းဆောင် နေသူဖြစ်ပြီး ၎င်းတို့၏ဖခင်ဖြစ်သူဦးဝေကြီး မိသားစုသည်လည်း မိတ္ထီလာမြို့တွင် စစ်တပ်အမာခံ ထောက်ခံသူများဖြစ် ကြောင်း ဒေသခံများထံကသိရသည်။
ကုန်ကားမောင်းသူ၏ အမျိုးသမီးသည်မိတ္ထီလာ ခရိုင်ရဲမှူးရုံး၏ ရဲအရာရှိအမျိုးသမီးတဦးဖြစ်ပြီး ၄င်း၏ အမျိုး သားဖြစ်သူအား ဖမ်းဆီးရိုက်နှက်သည့် စစ်ကောင်စီတပ် သားများမှာ စစ်ကောင်စီ၏ အ မြောက်တပ်ကတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ရိုက်နှက်ခံရသူ၏ ယောက္ခမဖြစ်သူက ဦးဝေကြီးကအတည် ပြုပြောဆိုသည်။
Ayeyarwaddy Times
No comments:
Post a Comment