မတ္တရာမြို့တွင် စစ်ကောင်စီအင်အား (၃၀) ကျော် မိုင်းဆွဲခံရ အသေအပျောက်များနိုင်


ဖေဖော်ဝါရီ - ၁၁ 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သဖန်းကိုင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီဝင်များကို  ယနေ့နေ့လယ် (၂) နာရီခွဲအချိန်တွင် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် သဖန်းကိုင်းရွာသို့ တပ်ဆွဲရန် ရောက်ရှိခဲ့ပြီး ယနေ့တွင် စစ်ကောင်စီများအပြန် ကျပ်ပြင်ရွာတွင်  မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

" သူတို့က ခြေလျင်ဆင်းလာတာ အင်အား သုံးဆယ်ကျော်လောက်တော့ရှိတယ်။ အသေအပျောက်တော့ များနိုင်တယ် အတိအကျတော့ မသိဘူး။ သူတို့ရမ်းပစ်တာတွေတော့ လုပ်နေတယ် " ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက MFP သို့ ပြောပြသည်။

လက်ရှိတွင် မိုင်းဆွဲခံရသည့် စစ်ကောင်စီများသည် ကျပ်ပြင်ရွာသို့ ဝင်ရောက်မွှေနေပြီး သေနတ်ပစ်ဖောက်မှုများလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၄) ရက်နေ့ကလည်း မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာ၏ တောင်ဘက်၊ နှောပင်နတ်စင်အနီးတွင် မန္တလေးဘက်မှ လာသော စကစ ကားလေးစီးကို မိုင်းဆွဲတိုက်ခိုက်ခံရပြီး စကစများ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ထို့ပြင် ဇန်နဝါရီ(၁၈)ရက်ကလည်း မန္တလေး - မတ္တရာကားလမ်း မတ္တရာမြို့နယ် ဘိုကုန်းရွာအနီးတွင် စကစ ယာဉ်တန်း မိုင်းဆွဲခံရပြီး စကစများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။ 


Mandalay Free Press - MFP

မတ္တရာမြို့တွင် စစ်ကောင်စီအင်အား (၃၀) ကျော် မိုင်းဆွဲခံရ အသေအပျောက်များနိုင် မတ္တရာမြို့တွင် စစ်ကောင်စီအင်အား (၃၀) ကျော် မိုင်းဆွဲခံရ အသေအပျောက်များနိုင် Reviewed by THITHTOOLWIN on 23:18 Rating: 5

No comments:

Powered by Blogger.