မလှိုင်နှင့် မိတ္ထီလာတွင် ရှိုးဝါးဖိနပ်စီးလာသူများကို ဖိနပ်နံပတ်အတိုင်း စစ်တပ်က ပါးရိုက်


မဲခေါင်၊ ဖေဖော်ဝါရီ ၃

မလှိုင်မြို့နှင့် မိတ္ထီလာမြို့တို့တွင် ယခုရက်ပိုင်းအတွင်း ရှိုးဝါးဖိနပ်(ဆင်ကြယ်ဖိနပ်ပုံစံ အကြမ်းစီဖိနပ်) စီးလာသူများကို စစ်ကောင်စီလက်အောက် စစ်တပ်နှင့် စစ်ဆေးရေးအဖွဲ့များက ဖိနပ်နံပတ်အတိုင်း ပါးရိုက်ပြီး ဖိနပ်ပြန်လဲခိုင်းကြောင်း ဒေသခံများက ပြောသည်။

ယနေ့ဖေဖော်ဝါရီလ ၃ရက် နံနက်ပိုင်းက မလှိုင်ဈေးအတွင်းနှင့် ဈေးပြင်တဝိုက်၌ ရှိုးဝါးဖိနပ်စီးလာသူများကို စီလာသည့် ဖိနပ်နံပတ်အတိုင်း ပါရိုက်ကာ ဖိနပ်ပြန်လဲခိုင်းကြောင်း မလှိုင်ဒေသခံ တစ်ဦးက ပြောသည်။

“စီးလာတဲ့ ဖိနပ်က ၁၁ ဆို ၁၁ ချက်ရိုက်တယ်။ ပြီးတော့ ဖိနပ်ပြန်လဲခိုင်းတယ်။ ဖိနပ်ပြန်လဲတဲ့ ဈေးသည်တွေနဲ့ အုံးအုံးကျွတ်ကျွတ်ကို ဖြစ်နေတာပဲ” ဟု ၎င်းက ပြောသည်။

မိတ္ထီလာမြို့တွင်လည်း ဖေဖာ်ဝါရီလ ၂ရက် ယမန်နေ့က ရှိုးဝါးဖိနပ်စီးလားသူများကို ပါးရိုက်ကာ ဖိနပ်ပြန်လဲခိုင်းကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မည်သည့်အကြောင်းရင်းကြောင့် ထိုသို့ လုပ်ဆောင်သည်ကို မသိရသော်လည်း နိုင်သည့်မြို့များကို ဖိမဲသည်ဟု ခံစားရကြောင်း အဆိုပါဒေသခံက ပြောသည်။

“ရှိုးဝါးဖိနပ်လုပ်ငန်းရှင်က PDF ကိုထောက်ပံ့လို့ အခုလို လုပ်တာလို့လည်း ပြောကြတယ်။ ဒါပေမယ့် နိုင်တဲ့မြို့ဆိုပြီး လုပ်တာလို့ပဲ ခံစားရတယ်။ PDF အင်အားမကောင်းတော့ စစ်တပ်က ထင်တိုင်းအနိုင်ကျင့်နေတာ။ စစ်ကိုင်းတိုင်းထဲက မြို့တွေကို သွားလုပ်ကြည့်ပါလား၊ အရိုးတခြား အသားတခြား ဖြစ်သွားမယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ၎င်းလက်အောက်ခံလက်နက်ကိုင်အဖွဲ့များက ပြည်သူလူထုအပေါ် သိသာစွာ အနိုင်ကျင့်နှိပ်စက်မှုများ ပြုလုပ်လျှက်ရှိသည်။


MeKong News - မဲခေါင်သတင်း

မလှိုင်နှင့် မိတ္ထီလာတွင် ရှိုးဝါးဖိနပ်စီးလာသူများကို ဖိနပ်နံပတ်အတိုင်း စစ်တပ်က ပါးရိုက် မလှိုင်နှင့် မိတ္ထီလာတွင် ရှိုးဝါးဖိနပ်စီးလာသူများကို ဖိနပ်နံပတ်အတိုင်း စစ်တပ်က ပါးရိုက် Reviewed by THITHTOOLWIN on 18:38 Rating: 5

No comments:

Powered by Blogger.