စစ်ကိုင်းတိုင်းအတွင်းက ဂုံညင်းဆိပ် ရဲစခန်းကို မဟာမိတ် ၅ ဖွဲ့ ပူပေါင်း၍ သန်းခေါင်ယံအချိန်၌ ဝင်ရောက်စီးနင်း
( ဖေဖော်ဝါရီလ ၃ ရက် )
စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ဂုံညင်းဆိပ် ရဲစခန်းအား ယမန်နေ့ည သန်းခေါင်ယံအချိန် (၀၀:၀၅)နာရီခန့်က တော်အလှန်ရေး မဟာမိတ် ၅ ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆင်ရေးကို People's Defence Force Myinmu MMU PDF ၊ Myin Mu Defence Force MMDF ၊ Black Eagel Defence Force MMU ၊ မြင်းမူ လျှပ်စစီးပျောက်ကျားတပ်ဖွဲ့ ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOM ညီနောင်မဟာမိတ် ၅ ဖွဲ့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ရဲစခန်းအား ဝင်ရောက်စီးနင်းချိန်တွင် ရဲစခန်းအတွင်းရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေး တိမ်းရှောင်သွားခြင်းကြောင့် ထိပ်တိုက်ပစ်ခတ်မှုများ မရှိခဲ့ဟု မြင်းမူလျှပ်စီးပြောက်ကျား တပ်ဖွဲ့ကဆိုပါတယ်။
၎င်းစစ်ဆင်ရေး၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များက ပြည်သူများထံမှ လုယူခိုးဝှက် အတင်းအဓမ္မ သိမ်းဆည်းထားသော ပစ္စည်းများကို ပြည်သူများထံပြန်လည်အပ်နှင်းပေးနိုင်ရန်အတွက် ညီနောင် မဟာမိတ်တပ်များက ပြန်လည် သိမ်းဆည်းလာခဲ့ကာ ရဲစခန်းအတွင်းရှိ အဆောက်အအုံများအား ဆက်လက်ခြေကုတ်မယူနိုင်စေရန်နှင့် အုပ်ချုပ်ရေးယန္တရားများမလည်ပတ်နိုင်စေရန် ရည်ရွယ်၍ မိုင်းခွဲကာဖြို ချခဲ့ကြကြောင်းသိရှိရပါသည်။
HTY Information
No comments:
Post a Comment