စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဥ်တစ်စီး ရေမြှုပ်မိုင်းထိ၍ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး ရှစ်ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့သည်ဟု မင်းကင်း PDFက ထုတ်ပြန် သည်။
ယနေ့(ဖေဖော်ဝါရီ ၉)နေ့လည် ၁၂ နာရီခန့်တွင် မင်းကင်း တောင်ဖြူရွာမဇ ဆန်တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ခဲယမ်းမော်တော်ယာဥ် ငါးစီးကို ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂)တပ်ခွဲ-၃ နှင့် Chindwin Rangers ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်ယာဥ်ငါးစီးကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁၀မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ရှေ့ပြေးမော်တော်အမြန်ယာဥ်သည် ရေမြှုပ်မိုင်း ပဒေသာလေးလုံးထိကာ မော်တော်ခါးကျိုးပေါက်ထွက်၍ မြစ်အတွင်း လည်ထွက်သွားသည်ဟု မင်းကင်း PDFက ဆိုသည်။
တိုက်ခိုက်ခံခဲ့ရသော အကြမ်းဖက်စစ်တပ်၏ မော်တော်များကို နေ့လည်၁နာရီခန့်က ငအုံးရွာ ဆိပ်ကမ်းတွင် ပြန်လည်ပြင်ဆင်ကာ မင်းကင်းဘက်ကို ဆန်တက်သွားကြောင်း အသိပေးသည်။
သေဆုံး၊ဒဏ်ရာရရှိခဲ့သော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို မင်းကင်းဆိပ်ကမ်းတွင် လူနာတင်ယာဥ်များဖြင့် လာရောက်သယ်ယူခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
People's Spring
No comments:
Post a Comment