မကွေး၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၂။
မကွေးမြို့၊ မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်တယောက်ကို ရဲတပ်သားတဦးက သေနတ်ဖြင့်ပစ်သတ်လိုက်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စကားများရသည့်အကြောင်းအရာကို သိရှိရခြင်းမရှိသေးပဲ ဒုရဲအုပ်မှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း မြို့ခံတဦးကပြောသည်။
"သေတာက ဒုရဲအုပ်တယောက်ထဲရယ်။ ပွဲချင်းပြီးပဲ ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျတော်တို့မသိရဘူး။ သူတို့က ဘုရားကုန်းပေါ်မှာ လုံခြုံရေးယူနေတာ။ ပစ်တဲ့ရဲကတော့အဖမ်းခံလိုက်ရတယ်။ " ဟု မြို့ခံတဦးကပြောသည်။
ဘုရားကုန်းပေါ်တွင်စျေးရောင်းချနေသူများကို ပြန်ခိုင်းခြင်းမရှိဘဲ တားမြစ်ထားကြောင်း ၎င်းကဆိုသည်။
မြေလတ်အသံ - Myaelatt Athan
မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်ကိုရဲတပ်သားက ပစ်သတ်
Reviewed by THITHTOOLWIN
on
22:29
Rating:
No comments:
Post a Comment