မှော်ဘီလေတပ်ဌာနချုပ်အတွင်း ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ တပ်တွင်း သတင်းပို့မှုအသံဖိုင် ထွက်ပေါ်


ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ လေတပ်ဌာနချုပ်အတွင်း  People's force (Yangon) အဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့ ညပိုင်းက ဝင်ရောက်ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ တပ်တွင်း သတင်းပေးပို့နေမှု အသံဖိုင် ပေါ်ထွက်လာသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် သပြေခက်ဖြင့် ရေပက်ပေးထားသည့်  YAK 130 တိုက်လေယာဉ် အမှတ် 1802 နှင့် 1803 တို့ကို တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းသိရသည်။

အာဏာသိမ်းစစ်တပ်သည် နိုင်ငံတွင်း အာဏာရှင်ဆန့်ကျင်ရေးကို လေကြောင်းမှပါ တိုက်ခိုက်နှိမ်နှင်းမှုများ လုပ်လာသည့်အတွက်ယင်းကဲ့သို့ တိုက်ခိုက်ခံလာရခြင်းဖြစ်သည်။



Tachileik News Agency 

မှော်ဘီလေတပ်ဌာနချုပ်အတွင်း ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ တပ်တွင်း သတင်းပို့မှုအသံဖိုင် ထွက်ပေါ် မှော်ဘီလေတပ်ဌာနချုပ်အတွင်း ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ တပ်တွင်း သတင်းပို့မှုအသံဖိုင် ထွက်ပေါ်  Reviewed by THITHTOOLWIN on 23:28 Rating: 5

No comments:

Powered by Blogger.