ကလေးမြို့ နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး


ကလေး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂။

ကလေးမြို့နယ်တောင်ပိုင်း ကြာအင်းကျေးရွာမှ ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ ဝန်းကျင်အား ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ မနက် ၁၀ နာရီခန့်လောက်က နတ်ချောင်းကျေးရွာအနီး CDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chinland Defense Force - Kalay Kabaw တာဝန်ခံထံက သိရပါတယ်။

"ကြာအင်းကျေးရွာမှ ထွက်လာတဲ့အဖွဲ့ဗျ၊ ကလေးနယ်တောင်ပိုင်း၊ နတ်ချောင်းရွာအနီးမှာ တိုက်ပွဲဖြစ်တာ၊ လွန်ခဲ့တဲ့ရက်ပိုင်းတွေကတဲ့က။ ကလေးမြို့ကနေကော ကလေးမြို့နည်းပညာတက္ကသိုလ်ကနေပြီးတော့ အင်အားငါးဆယ်ခြောက်ဆယ်ကနေ တရာဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီက တဖြည်းဖြည်း စီးကြောင်းထိုးလာတာ၊ အဲဒီစစ်ကြောင်းကို ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်စဉ်က ၁ နာရီဝန်းကျင်လောက်ပါ၊ ကျနော်တို့ဘက် ကြားဖြတ်တိုက်ခိုက်မှာ အပေါ်မှာသူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တာပေါ့၊ ကျနော်တို့ဘက်က ပစ်ခတ်လို့စစ်ကောင်စီဘက်က ၂ ဦးကျ‌ဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိကြတယ်" လို့ Chinland Defense Force - Kalay Kabaw Gangaw တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကြာအင်းကျေးရွာမှ ချီတက်လာသော စကစတပ်ဖွဲ့ကို CDF-KKG, CDF-Hakha, PDF Kalay, CNDF, RKDF, ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး၊ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အားလုံး အထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ကလေးမြို့ နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး ကလေးမြို့ နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး  ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 01:22 Rating: 5

No comments:

Powered by Blogger.