ပုံစာ - မီးရှို့သတ်ဖြတ်ခံထားရသော ပြည်သူအချို့ / (ဓါတ်ပုံ-PVTV) |
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒေသခံ၂၀ဦးခန့် မီးရှိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်း ၁၁နာရီဝန်းကျင်က မြင်းမူမြို့နယ်အနောက်မြောက်ပိုင်း ပဒတ္ထိုင်းကျေးရွာသို့ လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ကျေးရွာတွင်း မီးရှို့ဖျက်ဆီးမှုများလည်းရှိပြီး ဒေသခံများလည်းဖမ်းဆီးခံရကာ မတရား သတ်ဖြတ်ခံရသူဦးရေ ၂၀ ဦးထက်မနည်းရှိကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
"သက်ကြီးရွယ်အိုတွေရောဖမ်းတာ။ ရွာထဲအကုန်ဝင်မွှေတာ ရှိတာအကုန်ယူတယ်။ ပြည်သူတွေကိုလည်းသတ်ဖြတ်သွားတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်က အသက် ၁၃ နှစ်အရွယ် မိန်းကလေးကိုပါ အဓမ္မပြုကျင့်ပြီး ခုတ်ထစ်မီးရှို့သတ်ခဲ့သည်ဟု ဒေသခံတစ်ဦး၏စကားကို ကိုးကားကာ PVTVက ရေးသားထားသည်။
"အပြစ်မဲ့ပြည်သူ အယောက် ၂၀ တော့ ဟုတ်တယ်ဗျ။အဓမ္မပြုကျင့်တာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူးဗျ။"ဟု မြင်းမူအခြေစိုက် Myinmu MM-PDF အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ပဒတ္ထိုင်းကျေးရွာသည် အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသော ချောင်းဦးနယ်၊ မြောင်နယ်တို့အစပ်တွင် ရှိကြောင်း ဒေသခံများက ပြောသည်။
People's Spring
No comments:
Post a Comment