ယင်းမာပင်-ပုလဲလမ်းတွင်စစ်ကောင်စီတပ်ကားကိုမိုင်းပဒေသာဖြင့်တိုက်ခိုက်ရာ ၂၂ ဦးခန့်ထိ့ခိုက်သေဆုံးနိုင်ဟုထုတ်ပြန်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ပုလဲလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုများနိုင်ကြောင်း ဒေသတွင်းညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့များကယနေ့ညတွင် သတင်းထုတ်ပြန်သည်။
ယနေ့ (ဖေဖော်ဝါရီ၈ ရက်နေ့ )နေ့လယ် ၂နာရီအချိန်ခန့်က ယင်းမာပင်-ပုလဲ လမ်းပိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်အုပ်စု ယာဉ်အား CGYDF နှင့် Yinmarbin Local PDF၊ MTOF၊ Triple Two၊ SRDF၊ SBTF၊ ဆားလင်းကြီး တကိုယ်တော်သုဘရာဇာတို့ပူးပေါင်း၍ မိုင်း ၂၅ လုံး ပြောင်းတိုက် ၁၆ လုံးဖြင့် ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၂ယောက်ခန့် ဒဏ်ရာအပြင်းအထန်ဖြင့် အများအပြား သေဆုံးနိုင်ကြောင်းထုတ်ပြန်သည်။
မိုင်းပဒေသာဖြင့် တိုက်ခိုက်မှုတွင်ကားနှစ်စီးမှာ လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားပြီးကျန်တစ်စီးမှာလည်းစုတ်ပြတ်ကာ ကြိုးဖြင့်ဆွဲသွားရကြောင်း ညီနောင်မဟာမိတ် ရဲဘော်များက အသိပေးသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ကြောင်း CGYDF ကထုတ်ပြန်သည်။
ယနေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေရာ မုံရွာ-ယင်းမာပင်-ပုသိမ် ကားလမ်းကိုဖြတ်သန်းသွားလာခြင်း မပြုကြရန် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ်ထုတ်ပြန်ကြေညာခဲ့သည်။
People's Spring
No comments:
Post a Comment