လှိုင်သာယာမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်ရောင်းချနေသော အရောင်းဆိုင်နှင့်စားသောက်ဆိုင်များကို မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးတောင်းဆိုစာများပေးပို့


( ဖော်ဖော်ဝါရီလ ၁၃ ရက် )

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ထုတ်ကုန်များဝယ်ယူရောင်းချနေသော အရောင်းဆိုင်နှင့် စားသောက်ဆိုင်တွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာပဲ ဆိုင်နာမည်များနဲ့တကွ သတိပေးတောင်းဆိုစာတွေအသီးသီးပေးပို့ ခဲ့ကြပြီး စာတွေလည်းရောက်ရှိလာတယ်လို့ ဆိုင်ရှင်များထံမှသိရပါတယ်။

" ကျွန်တော်တို့အနေနဲ့က စစ်တပ်ကို အဓိကဝင်ငွေစီးဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေ တားဆီးချင်တာပါ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ တစ်ချို့ဆိုင်တွေက လိုက်နာကြသလို တစ်ချို့ကြတော့လည်း ငါနဲ့မဆိုင်သလို လုပ်နေကြတာတွေတွေ့ရပါတယ် ဒါကြောင့် ဒီနေ့မှာပဲ ဆိုင်နာမည်တွေနဲ့တကွ အခြေအနေပေါ်မူတည်ပြီး ပေးပို့ခဲ့တာပါ ဒီစာဟာ စာရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ လှိုင်သာယာတစ်မြို့လုံးကို ကိုယ်စားပြုပါတယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ပြည်သူကိုထိခိုက်အောင်လုပ်နေတာလားလို့တော့ မဖြစ်စေချင်ဖူး ဒါကြောင့် ကျွန်တော်တို့အေးအေးချမ်းချမ်းနဲ့ တောင်းဆိုလိုက်တာဖြစ်တယ် ဒါဟာလည်း ရောင်းချသူမှမဟုတ်ပဲ သောက်သုံးသူတွေပါ ပူးပေါင်းပေးဖို့ပြောချင်တယ်။ တစ်ခုရှိတာက ကျွန်တော်တို့အနေနဲ့စာပို့ပြီး ပြီးရောတော့လုပ်မှာမဟုတ်ဖူး အမြဲထောက်လှမ်းစုံစမ်းနေမှာပါ ဒါကိုမှထပ်လုပ်နေသေးရင် ကျွန်တော်တို့ အရေးယူမှုတွေလုပ်သွားတော့မှာဖြစ်ပါတယ် တော်လှန်ရေးကာလမှာ ပန်းတိုင်ကိုတစ်ခုထဲတည့်တည့်လျှောက်ချင်ပါတယ် မလိုအပ်တာတွေအတွက်အချိန်ကုန်မခံချင်ဖူး ဘယ်သူ့ကိုမှလည်းမထိခိုက်စေချင်ဖူး ဒါကြောင့်ပူးပေါင်းပါဝင်ပေးပါလို့ပဲ ပြောချင်ပါတယ် " လို့ ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ထုတ်ကုန်ရောင်းချနေသော အရောင်းဆိုင်၊ စားသောက်ဆိုင်စုစုပေါင်း ဆယ်နဲ့ချီကို တစ်ချိန်ထဲတစ်ရက်ထဲမှာပဲ ပေးပို့ခဲ့တယ်လို့လည်းသိရှိရပါသည်။


HTY Information

လှိုင်သာယာမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်ရောင်းချနေသော အရောင်းဆိုင်နှင့်စားသောက်ဆိုင်များကို မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးတောင်းဆိုစာများပေးပို့ လှိုင်သာယာမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်ရောင်းချနေသော အရောင်းဆိုင်နှင့်စားသောက်ဆိုင်များကို မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးတောင်းဆိုစာများပေးပို့ Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.