ရွှေဘိုနယ်တွင် သောင်းကျန်းနေသော စစ်အုပ်စုကို မိုင်းဆွဲ၊ (၂၀)ခန့် ထိခိုက်သေဆုံးဟုဆို၊ မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက အနီးအနားတွင် ရန်ပြုစရာ လူမရှိသဖြင့် ကောက်ရိုးပုံနှင့်တဲများကို မီးရှို့ဟုဆို၊


ဖေဖေါ်ဝါရီ - ၁၀

ရွှေဘိုခရိုင်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်၊ နေအိမ်မီးရှိုခြင်းများ ကျူးလွနတ်နေသော အကြမ်းဖက် စစ်အုပ်စု ယာဉ်တန်းကို ယနေ့ နေ့လည်ပိုင်းက ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - SBDF က သတင်းထုတ်ပြန်သည်။

ယနေ့ ဆေဖဖေါ်ဝါရီ(၁၀)ရက် နေ့လည်(၁၂)နာရီခွဲ ဝန်းကျင်က ရွှေဘို-မြစ်ကြီးနားလမ်းအတိုင်း ရေဦးဘက်မှ ခင်ဦးဘက်သို့ မောင်းနှင်လာသည့် စကစ ကားလေးစီးကို ခင်ဦးမြို့နယ် ခင်ဦးလမ်းဆုံအနီးတွင် SBDF တပ်ရင်း(၃) မိုင်းအဖွဲ့က ပဒေသာမိုင်း ခုနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကားနှစ်စီးကို ကြီးစွာ ထိခိုက်ပျက်စီးစေခဲ့ပြီး ပြည်သူ့ရန်သူ စစ်ခွေး (၂၀)ခန့်ကို ထိခိုက်သေကြေစေခဲ့ပါသည်” ဟု SBDF က ဖော်ပြသည်။

စစ်အုပ်စုသည် မိုင်းဆွခြံရပြီးနောက် ပတ်ဝန်ကျင်ကို ရန်ပြုပစ်ခတ်ကာ အနီးဆုံးရှိ ကောက်ရိုးပုံများကို မီးရှို့ဖျက်ဆီး သောင်းကျန်းသွားကြောင်း၊ ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း SBDF က ဆိုသည်။



Mandalay Free Press - MFP

ရွှေဘိုနယ်တွင် သောင်းကျန်းနေသော စစ်အုပ်စုကို မိုင်းဆွဲ၊ (၂၀)ခန့် ထိခိုက်သေဆုံးဟုဆို၊ မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက အနီးအနားတွင် ရန်ပြုစရာ လူမရှိသဖြင့် ကောက်ရိုးပုံနှင့်တဲများကို မီးရှို့ဟုဆို၊ ရွှေဘိုနယ်တွင် သောင်းကျန်းနေသော စစ်အုပ်စုကို မိုင်းဆွဲ၊ (၂၀)ခန့် ထိခိုက်သေဆုံးဟုဆို၊ မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက အနီးအနားတွင် ရန်ပြုစရာ လူမရှိသဖြင့် ကောက်ရိုးပုံနှင့်တဲများကို မီးရှို့ဟုဆို၊ Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.