အလုံဆင်ရေကန်လမ်းအတွင်းရှိ တိုက်တစ်ခြမ်းကို အကြမ်းဖက်စစ်ကောင်စီချိတ်ပိတ်


ရန်ကုန်၊ ဖေဖော်ရီ ၂ 

ရန်ကုန်တိုင်း၊ အလုံမြိုနယ်၊ ဆင်ရေကန်လမ်းအတွင်းရှိ တိုက်တစ်ခြမ်းကို အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ  (၂) ရက်၊ နံနက် အစောပိုင်းတွင် ချိတ်ပိတ်သွားကြောင်း အဆိုပါလမ်းအတွင်းနေထိုင်သူများထံမှ သိရသည်။  

အဆိုပါ တိုက်၏ မြေပိုင်ရှင်မိသားစုဝင်တစ်ဦးသည် PDF တပ်ဖွဲ့အတွင်းသို့ဝင်သွားသည်ဟုဆိုကာ ယင်းတိုက်၏ မြေပိုင်ရှင်ပိုင်ဆိုင် သည့်အခြမ်းကိုချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း လမ်းအတွင်းနေထိုင်သူတစ်ဦးက လူငယ့်ခေတ်ကိုပြောသည်။  

"ပြီးခဲ့တဲ့အပတ်ထဲကမွှေနေတာ။ ညတုန်းကတစ်တိုက်လုံးကိုမွှေတာ သန်းခေါင်စာရင်းတွေ၊ ဧည့်စာရင်းတွေအကုန်စစ်ပြီး တစ်ခြမ်းကို ချိတ်ပိတ်သွားတာ။ အဲ့ဒီအခန်းတွေမှာနေတဲ့သူတွေလဲ အကုန်ဆွဲချတာ"ဟု ၎င်းကဆိုသည်။  

အကြမ်းဖက်စစ်တပ်မှ အဆိုပါတိုက်အား တံခါးများချိုးဖျက်ဝင်ရောက်သည့်အချိန်တွင်လည်း အမျိုးသား (၃) ဦးကို ဖမ်းဆီးသွားခဲ့သေးကြောင်း ၎င်းကထပ်မံပြောသည်။  

လမ်းအတွင်း နေထိုင်သူတစ်ဦးကလည်း "အဲဒီတိုက်က (၇) လွှာနှစ်ခြမ်းဆိုတော့ အခန်း (၁၄) ခန်းရှိတာ။ မြေပိုင်ရှင်ကလည်းသူပိုင်မှ ၅ ခန်းပေါ့ ကျန်တဲ့သူတွေကနစ်နာတာပေါ့။ ချိတ်ပိတ်တဲ့အထဲမှာမပါတဲ့ အခြမ်းမှာနေတဲ့သူတွေကိုတောင် ကံကောင်းသွားတယ် မှတ်တို့ ဘာတို့ပြောပြီး ခြိမ်းခြောက်သွားသေးတယ်"ဟု ပြောသည်။  

အဆိုပါတိုက်ကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ချိတ်ပိတ်သည့် ညမှာပဲ ကျောင်းကွင်းလမ်းအတွင်းရှိ Mytel(service)ရုံးတွင် ပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ 

"သူတို(အကြမ်းဖက်စစ်ကောင်စီ)က ဟိုတစ်ခေါက် ထူးဓာတ်ဆီဆိုင် မီးလောင်ပြီးကတည်းက ဒီဖက်တွေကိုညှိုးနေတာ"ဟု ၎င်းက ဆိုသည်။  

ယခုအကြမ်းဖက်စစ်ကောင်စီက တိုက်တစ်ခြမ်းကို ချိတ်ပိတ်ပြီးနောက် ကျန်ရှိသည့်အခြမ်းတွင်နေထိုင်သူများကလည်း စိတ်လုံခြုံ မှုမရှိတော့ကြောင်း သိရသည်။  

ပြီးခဲ့သည့် ဇန်နဝါရီ (၁၆) ရက်ကလည်း အလုံမြိုနယ်၊ ထော်လီကွေ့ မှတ်တိုင်အနီးရှိ ဦးတေဇပိုင် ထူးဇာတ်ဆီဆိုင်သည် ဓာတ်ဆီလောင်း မီးရှိ ၊ ဗုံးနှစ်လုံးပစ်ခတ်ဖောက်ခွဲခံခဲ့ရသည်။ 

ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်ကလည်း အလုံမြိုနယ်၊ သခင်မြပန်းခြံဘေးရှိ အေးနေဝင်းပိုင် YBS - 56 ယာဉ်လိုင်းလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။  


Lu Nge Khit

အလုံဆင်ရေကန်လမ်းအတွင်းရှိ တိုက်တစ်ခြမ်းကို အကြမ်းဖက်စစ်ကောင်စီချိတ်ပိတ် အလုံဆင်ရေကန်လမ်းအတွင်းရှိ တိုက်တစ်ခြမ်းကို အကြမ်းဖက်စစ်ကောင်စီချိတ်ပိတ်  Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.