မန္တလေးမှ စစ်ကောင်စီသတင်းပေးဆိုသူ သေနတ်ဖြင့်အချိန်ခံရပြီးနောက် မေ့လဲ


မန္တလေး၊ ဖေဖော်ဝါရီ (၈)

စစ်ကောင်စီသတင်းပေးဆိုသည့် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ မန္တလေးတိုင်း ပြန်ကြားရေး တာဝန်ခံ ဦးသန်းညွန့်ဆိုသူကို ယနေ့နံနက်ပိုင်းက သေနတ်ဖြင့်ချိန်စဉ်မှာပင် မေ့လဲသွားပြီး ပတ်ဝန်းကျင်က ဝိုင်းအော်သဖြင့် အပစ်မခံခဲ့ရကြောင်း မြိုခံများထံက သိရသည်။

ယနေ့နံနက်(၇)နာရီခန့်က မန္တလေး၊ အောင်မြေသာစံမြိုနယ်၊ ၈၆ လမ်း x ၂၁ လမ်းအနီးနေထိုင်သူ ဦးသန်းညွန့်ဆိုသူကို သေနတ်သမားတစ်ယောက်က ၎င်းနေအိမ်အနီးတွင် ပစ်ခတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်ထဲအာကျယ်နဲ့ နေရာတကာပါတဲ့လူ။ ဒလန်စစ်စစ်ပဲ။ သေနတ်မြင်ပြီးမေ့လဲသွားတာတဲ့။ ပတ်ဝန်းကျင်ကလူတွေက ဝိုင်းအော်ကြတော့ သေနတ်သမားကထွက်ပြေးသွားရတာ။"ဟု ရပ်ကွက်ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

၎င်းပစ်သတ်မခံရသော်လည်း စစ်ကောင်စီတပ်ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ရှိ CCTV ကင်မရာများကို စစ်ဆေးခဲ့ကြောင်း မြိုခံများက ပြောသည်။

လက်ရှိအချိန်၌  ၎င်း၏ နေအိမ်ကို ပျူစောထီး (၃) ဦးနှင့် စစ်သားများ အစောင့်ချထားကြောင်း သိရသည်။


Lu Nge Khit

မန္တလေးမှ စစ်ကောင်စီသတင်းပေးဆိုသူ သေနတ်ဖြင့်အချိန်ခံရပြီးနောက် မေ့လဲ မန္တလေးမှ စစ်ကောင်စီသတင်းပေးဆိုသူ သေနတ်ဖြင့်အချိန်ခံရပြီးနောက် မေ့လဲ Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.