လောင်းလုံးမှာ နယ်ထိန်းရဲနဲ့ ပျူစောထီးဆိုသူနှစ်ဦး ပစ်သတ်ခံရပြီး သေဆုံး


တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၂၃ 

နယ်ထိန်းရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ကို ဒီနေ့တစ်ရက်တည်းမှာသုတ်သင်ရှင်းလင်းခဲ့တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာ ဘုန်းကြီးကျောင်းအနီးမှာ ဒီနေ့ နေ့လယ်ပိုင်းက ဦးနေမင်းထွန်းဆိုတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်စီးလာသူသုံးဦးက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတချို့ထံက သိရပါတယ်။ 

ဦးနေမင်းထွန်းဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က ထားဝယ်မြို့မှာဗုံးဖောက်ခွဲမှုတွေနဲ့အဖမ်းခံခဲ့ရတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာပြန်လွတ်လာသူဖြစ်ပါတယ်။ 

အဲဒီအပြင် မောင်းမကန်နယ်မြေရဲစခန်းက နယ်ထိန်းရဲ စိုးနိုင်ဦးကို ဒီနေ့ညနေ ၆ နာရီဝန်းကျင်က ၃ ထပ်လမ်းလို့ခေါ်တဲ့ ထားဝယ်-မောင်းမကန်လမ်းပိုင်းတစ်နေရာမှာ ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ လောင်းလုံးPDF က ထုတ်ပြန်ပါတယ်။ 

နယ်ထိန်းရဲကို လုပ်ကြံတဲ့ကိစ္စကိုတော့ Dawei Guerrilla Revolutionary Force (DGRF) အဖွဲ့နဲ့ Launglone People Defense Force (LPDF) တို့ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထား​ကြပါတယ်။ 


The Tanintharyi Times


လောင်းလုံးမှာ နယ်ထိန်းရဲနဲ့ ပျူစောထီးဆိုသူနှစ်ဦး ပစ်သတ်ခံရပြီး သေဆုံး လောင်းလုံးမှာ နယ်ထိန်းရဲနဲ့ ပျူစောထီးဆိုသူနှစ်ဦး ပစ်သတ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.