မိုင်းယော်မှာ စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီ လေယာဉ်အသုံးပြုတိုက်ခိုက်

ဓာတ်ပုံ - ရွှေဖီမြေ

ဖေဖော်ဝါရီလ ၈ ရက်၊ မိုင်းယော်

မနေ့ ဖေဖော်ဝါရီ ၇ရက်နေ့ကနေ စတင်ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်အဖွဲ့ဖြစ်တဲ့ AA၊MNDAAဝTNLAတို့ တိုက်ပွဲဟာ ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်ထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

အဲတိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်ပျံ ၂စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

“အသံစထွက်တာကတော့ မနက် ၉နာရီကျော်မှာ စထွက်တယ်။ နေ့လည်ပိုင်းကျတော့ လေယာဉ် ၂စီးနဲ့ လာချတာပဲ။ တစ်နေ့ကုန်ချနေတာပဲ။ အခုထိပဲ အသံတွေ ကြားနေရသေးတယ်”လို့ ညနေ ၅နာရီခွဲဝန်းကျင်မှာ ရွှေဖီမြေကို ပြောပါတယ်။ 

လုံကစ်ကျေးရွာနဲ့ နမ့်ဖာကျေးရွာကြားမှာ ရှိနေတဲ့ ညီနောင်မဟာမိတ်အဖွဲ့ကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

မိုင်းယော်မြို့ဒေသခံတစ်ဦးကတော့“ကျတော်တို့ မြို့ထဲမှာတော့ နည်းနည်းဝေးတယ်။ တိုက်ပွဲသံ ပရမ်းကြယ်တယ်။ ပြည်သူတွေ  ကြောက်လန့်ကြတော့ ဘယ်သူမှ အပြင်မထွက်ကြဘူး”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မနေ့တုန်းကတော့ မိုင်းယော်စျေးနေ့ဖြစ်ပြီး တိုက်ပွဲဖြစ်မှာ စစ်ကောင်စီဘက်က လေယာဉ်ပျံအသုံးပြုခဲ့တာကြောင့် စျေးထဲမှာ ရှုပ်ထွေးမှုဖြစ်ပွားခဲ့ပြီး ကျေးရွာခံအချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ လုံကစ်၊နောင်ပစ်နဲ့ ခိုခမ်းကျေးရွာတွေရဲ့ အခြေနေနဲ့ပတ်သက်ပြီးတော့ ရွှေဖီမြေအနေနဲ့ ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

တိုက်ပွဲအတွင်း နှစ်ဖက်အထိခိုက်ရှိနိုင်ပြီး တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနိုင်တဲ့ အလားလာရှိနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။


Shwe Phee Myay News Agency 

မိုင်းယော်မှာ စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီ လေယာဉ်အသုံးပြုတိုက်ခိုက် မိုင်းယော်မှာ စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီ လေယာဉ်အသုံးပြုတိုက်ခိုက် Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.