မန္တလေးမြို့ မြောက်ပြင်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ၊ မန္တလေး၌ စကစ ရပ်ကွက်အုပ်ကြီးများ သုံးရက်ဆက် ပစ်သတ်ခံရခြင်းဖြစ်၊

အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး/Photo - ပေးပို့

ဖေဖေါ်ဝါရီ - ၂၂

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်ကင်းဆိုသူ ယနေ့ ညနေပိုင်းတွင် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရပြီး ဆေးရုံသို့ ပို့ချိန် သေဆုံးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဖေဖေါ်ဝါရီ(၂၂)ရက် ည(၇)နာရိခွဲက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ (၉)လမ်းနှင့် (၇၄)လမ်းအနီး နေထိုင်သော အမရဌာနီအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး အသက်(၅၀)ကျော်အရွယ် ဦးရန်ကင်းသည် နေအိမ်ရှေ့၌ နေထိုင်စဉ် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရဟု ဆိုသည်။

“ဆေးရုံကို ပို့တဲ့အချိန် သေသွားပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က MFP သို့ ပြောသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသတ်ခံရမှုနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

လက်ရှိတွင် စစ်ကောင်စီက မန္တလေးမြောက်ပြင်ရှိ ဥပုသ်တော်ရပ်ကွက်၊ ထားဝယ်ရပ်ကွက်များ အပါအဝင် မြောက်ပြင်တကြော ဝင်မွှေသောင်းကျန်း နေကြောင်း ဒေသခံများက ဆိုသည်။

ယခုဖြစ်စဉ်သည် မန္တလေးမြို့၌ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သုံးရက်ဆက်တိုက် အသတ်ခံရခြင်းလည်း ဖြစ်သည်။

ဖေဖေါ်ဝါရီ(၂၀)ရက်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ရပ်ကွက်ရာအိမ်မှူး အသက်(၄၀)ဝန်းကျင်အရွယ် ဦးထွန်းဝေ ဆိုသူ အသတ်ခံရပြီး  ယမန်နေ့ ဖေဖော်ဝါရီ(၂၁) ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ (၁၂၆)လမ်း၊ (၅၈)လမ်းအနီးနေ  ရာအိမ်မှူး ဦးအောင်စိန်ဆိုသူ အသတ်ခံခဲ့ရသည်။

လက်ရှိတွင် စစ်ကောင်စီကလည်း မန္တလေးမြို့ခံများကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးသတ်ဖြတ် ဖိနှိပ်လျှက် ရှိသည်။


Mandalay Free Press - MFP

မန္တလေးမြို့ မြောက်ပြင်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ၊ မန္တလေး၌ စကစ ရပ်ကွက်အုပ်ကြီးများ သုံးရက်ဆက် ပစ်သတ်ခံရခြင်းဖြစ်၊ မန္တလေးမြို့ မြောက်ပြင်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ၊ မန္တလေး၌ စကစ ရပ်ကွက်အုပ်ကြီးများ သုံးရက်ဆက် ပစ်သတ်ခံရခြင်းဖြစ်၊ Reviewed by THITHTOOLWIN on 05:31 Rating: 5

No comments:

Powered by Blogger.