အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ရက် (မနက်ဖြန်)တွင် တစ်နိုင်ငံလုံးရှိ မြို့နယ်အများစုတွင် နံနက် ၄နာရီမှ ည ၁၁နာရီအထိ အင်တာနက်လိုင်းများဖြတ်တောက်ရန် မိုဘိုင်းအော်ပရေတာကုမ္ပဏီများညွန့်ကြားထားကြောင်း သိရသည်။
အင်တာနက်ဖြတ်တောက်ရာတွင် မိုဘိုင်းအင်တာနက်များသာပါဝင်ပြီး Wifiအင်တာနက်များမပါဝင်ဟု အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီဝန်ထမ်းများထံမှ သိရသည်။
မနက်ဖြန် (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ဒီမိုကရေစီလို လားသူများက "ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တိုက်ယူဖို့ လမ်းတွေပေါ်ထွက် တော်လှန်ကြစို့" ဟူသောကြွေးကြော်သံဖြင့် လူထုဆန္ဒပြပွဲများဆောင်ရွက်ရန် ယနေ့မှစ၍ တိုက်တွန်းထားချိန်တွင် အကြမ်းဖက်စစ်ကောင်စီက အင်တာနက်များဖြတ်တောက်ရန် ညွ့န်ကြားလိုက်ခြင်းဖြစ်သည်။
ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော (၇၅)နှစ်ပြည့်သည့်နေတွင် စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် ဗိုလ်ရှုသဘင်ကို သပိတ်မှောက်ရန် ဒီမိုကရေစီလိုလားသူများက မနက်ဖြန်တွင် Black TV ကမ်းပိန်းပြုလုပ်ပြီး TVမကြည့်ရန်လည်းတိုက်တွန်းထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် လူထုဆန္ဒပြပွဲများကို အားလျော့ပျက်ပယ်သွားစေရန် အာဏာသိမ်ပြီးနော်က အင်တာနက်ဖြတ်တောက်မှုများကို အကြိမ်ကြိမ်ပြုလုပ်နေသည်။
ချင်းပြည်နယ် ၊စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ် ၊မကွေး တိုင်း စသောဒေသများရှိ မြို့နယ်၃၀ ကျော် တွင်လည်း အင်တာနက်လိုင်းများဖြတ်ထားသည်။
People's Spring
No comments:
Post a Comment