ရေနီမြို့ စစ်တပ်စစ်ဆေးရေးတံတားဂိတ်ကို ချိန်ကိုက်မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိခိုက်


ဖေဖော်ဝါရီ ၁၇ ရက်

ပဲခူးတိုင်း၊ ရေနီမြို့နယ်အရှေ့ဘက်က စစ်ကောင်စီတပ်စစ်ဆေးရေးတံတားဂိတ်ကို ယနေ့မနက်ပိုင်းက ချိန်ကိုက်မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် -PDF က ထုတ်ပြန်ပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်သားများကင်းလှည့်ဖို့ထွက်ခွာသွားချိန် မိုင်းဆင်ထားခဲ့တာဖြစ်ပြီး ၄င်းတို့ပြန်ရောက်လာချိန် ချိန်ကိုက်မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးထက်မနည်းထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။

'' ဒီမနက် ၆နာရီ  ၄၅ မိနစ်လောက်ကတိုက်ခိုက်တာ။ ဒီကောင်တွေ ကင်းလှည့်ပြီးပြန်လာတဲ့ချိန် ကင်းစခန်းအရောက်ချိန်ကိုက် မိုင်းခွဲလိုက်တာ။'' လို့ နေပြည်တော်- PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို နေပြည်တော် PDF တပ်ရင်း ၈၀၂ တပ်ခွဲ ၅ ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး  PDFတပ်ဖွဲ့ဝင်တွေအားလုံးအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။


Ayeyarwaddy Times 

ရေနီမြို့ စစ်တပ်စစ်ဆေးရေးတံတားဂိတ်ကို ချိန်ကိုက်မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိခိုက် ရေနီမြို့ စစ်တပ်စစ်ဆေးရေးတံတားဂိတ်ကို ချိန်ကိုက်မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိခိုက် Reviewed by THITHTOOLWIN on 22:38 Rating: 5

No comments:

Powered by Blogger.