မန္တလေးမြို့ပေါ် ကျူးကျော်တဲ လိုက်ဖျက်နေသော စကစကားနှစ်စီးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ၊နာရီပိုင်းအတွင်း မန္တလေးမြို့ပေါ် နှစ်နေရာတွင် စကစများ ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်၊
ကျူးကျော်ဟုဆိုကာ စစ်အုပ်စုက ဖျက်ဆီးခဲ့သည့် နေအိမ်အချို့ (ပုံဟောင်း)/Photo - ပေးပို့ |
ဖေဖေါ်ဝါရီ - ၂၃
မန္တလေးမြို့အနှံ့ရှိ ကျူးကျော်နေအိမ်များကို လိုက်လံဖျက်ဆီးနေသော မန္တလေး စည်ပင် ဦးဆောင်သည့် စကစ လက်နက်ကိုင်များ လိုက်ပါလာသော ကားနှစ်စီးကို ယနေ့ ညနေပိုင်းတွင် မြို့သစ် (၄၈)လမ်းအနီးတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစများ ထိခိုက်ဒဏ်ရာရ သေဆုံးမှု ရှိနိုင်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Mandalay Youth Special Forces— MYSF က သတင်းထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီ(၂၃)ရက် ညနေ(၅)နာရီခန့်က မန္တလေးမြို့ မြို့သစ် (၄၈)လမ်းနှင့် မြတ်လေးလမ်းအနီးရှိ ကျူးကျော်တဲများအား လာရောက်ဖျတ်ဆီးသော စကစကားနှစ်စီးကို အပြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“ကျွန်တော်တို့ Mandalay Youth Special Forces — MYSF မှ (၄၆)လမ်း ၊ (၄၇)လမ်း ၊ (၄၈)လမ်း? မြတ်လေးလမ်း နှင့် ပိတောက်လမ်းကြားရှိ ကျူးကျော်တဲများအား လာရောက် ဖျတ်ဆီးသော စခ ၊ ရခ ကား နှစ်စီးကို အဝေထိန်းဖြင့် ဖောက်ခွဲ ခဲ့ပါတယ် ။ အပြန်လမ်းမှာ ပိတ်ဆို့ ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး ဘေးပတ်ဝန်းကျင်အား ပြန်လည် ပစ်ခတ်သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ခွေးများ ထိခိုက် ဒဏ်ရာ ကိုယ်စီရရှိသွားပြီး အသေအပျောက် အတိအကျ မသိရှိရသေး” ဟု Mandalay Youth Special Forces — MYSF က ဖော်ပြသည်။
မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ရမ်းကားပစ်ခတ်ခဲ့သော်လည်း MYSF ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် စစ်အုပ်စုက အနီးပတ်ဝန်းကျင်ကို ဆဲဆိုရမ်းကား သောင်းကျန်းနေကြောင်း MYSF က ဆိုသည်။
အဆိုပါ မိုင်းခွဲတိုက်ခိုက်ခြင်း မခံရမီ ယနေ့ ညနေပိုင်းကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၇၈)လမ်းနှင့် ရတနာပုံတက္ကသိုလ်လမ်းခွဲ မီးပွိုင့်တွင် လမ်းသွားလမ်းလာများကို ဖမ်းဆီးငွေညှစ်နေသော စစ်အုပ်စု ဗုံးထုတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော် စည်ပင် ဦးဆောင်သော အဖွဲ့က မန္တလေးမြို့အနှံ့ရှိ ကျူးကျော်ဟု ၄င်းတို့ သတ်မှတ်သော နေအိမ်များကို လိုက်လံဖျက်ဆီးလျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment