ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပျူစောထီးသင်တန်းစခန်း၂ခု တိုက်ခိုက်ခံရ ပျူစောထီးများသေ


ဖေဖော်ဝါရီ ၈

ဖေဖော်ဝါရီ ၈ မနက် ၁:၃၀ကျော်မှာ ပုလဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပ.က.ဖ ရဲ့ လမ်းညွှန်ချက်နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေသောPale Plain Defence Groups( PPDG)၊ PRAတပ်ခွဲ၂၂/၂၃/၂၈၊Pale Jokers PDf၊ဒေါင်းနက်ပြောက်ကျား၊MVRFနှင့်ဒေသခံPDFတပ်ဖွဲ့များက အင်မထီးရွာ ပျူစောထီးသင်တန်းပေးရာစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲကြာချိန်၂နာရီခန့်ကြာမြင့်ခဲ့ရာ ပျူစောထီ မ၁ဦး၊ကျား၁ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ အများအပြားဒဏ်ရာရခဲ့ပါတယ်။

PDFရဲဘော်တစ်ဦး ကျည်ရှက်မှန် ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ပါ။

ယနေ့မနက်ထ ၃နာရီဝန်းကျင်မှာတော့ ဇီးဖြူကုန်း ပျူစောထီးသင်တန်းပေးရာစခန်းကို မြို့နယ် ပ.က.ဖ လမ်းညွှန်ချက်နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် Royal Eagle People Defense Force၊Aung San Force၊ပုလဲပြောက်ကျားတပ်ဖွဲ့၊Pone Taung Tiger၊သံမဏီMPDF၊တောင်ပေါ်ပုဏ္ဏက၊ကျောင်းသားတပ်မတော် ဗကသ၊Youth Revolution Force(YRF)၊ဗိုလ်ကျားလေးအဖွဲ့ နှင့် မြောက်ပိုင်းမဟာမိတ်အင်အားစုတို့ လက်နက်ကြီးနဲ့ အချက်30ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန်၁နာရီခန့်ကြာခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများလည်းရှိခဲ့တာပါ။

PDFတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွါနိုင်ခဲ့ပါတယ်။စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ အထိအခိုက် အသေအဆုံးကိုတော့ အတိအကျမသိနိုင်သေးပါ။


Pale Entertainment

ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပျူစောထီးသင်တန်းစခန်း၂ခု တိုက်ခိုက်ခံရ ပျူစောထီးများသေ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပျူစောထီးသင်တန်းစခန်း၂ခု တိုက်ခိုက်ခံရ ပျူစောထီးများသေ Reviewed by THITHTOOLWIN on 20:04 Rating: 5

No comments:

Powered by Blogger.