မြောင်နှင့်မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ လက်နက်များ သိမ်းဆည်းရမိတယ်လို့ ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်

မြောင်/မင်းကင်းတိုက်ပွဲ

(ဖေဖော်ဝါရီလ ၁၀)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့်မင်းကင်းမြို့နယ်တို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က မြောင်မြို့နယ်မှ ဆင်းလာသော စစ်ကောင်စီအင်အား ၅၀ ခန့်တို့နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ လက်နက်များသိမ်းဆည်းရမိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R) နှင့် (11 Brothers Revolution Force) ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး အပြန်အလှန် ပစ်ခတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာ အပြင်းအထန်ရရှိကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R) က သတင်းထုတ်ပြန်သည်။ 

အလားတူ မင်းကင်းမြို့နယ်တွင်လည်း  MKPDF-B/3 တပ်ခွဲ ၁ ၊ ပျောက်ကျားတပ်စိပ် ၂  က စစ်ကောင်စီတပ်စွဲထားသော  မင်းကင်းမြို့နယ် စနဗျင်းရွာကို နေရာယူ ချဥ်းကပ်စောင့်ကြည့်ခဲ့ပြီး  ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၀၁ နာရီ ၁၅ မိနစ်ချိန်တွင် ရွာကင်းစခန်းကို ပျောက်ကျားနည်းသုံးပြီး ဝင်ရောက်တိုက်ခိုက်ခဲ့၍ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ထက်မနည်း ဒဏ်ရာရရှိကာ  MA-2 စက်ကလေးတစ်လက်၊ ကာဘိုင်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


HTY Information

မြောင်နှင့်မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ လက်နက်များ သိမ်းဆည်းရမိတယ်လို့ ကာကွယ်တပ်ဖွဲ့ကထုတ်ပြန် မြောင်နှင့်မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ လက်နက်များ သိမ်းဆည်းရမိတယ်လို့ ကာကွယ်တပ်ဖွဲ့ကထုတ်ပြန် Reviewed by THITHTOOLWIN on 21:01 Rating: 5

No comments:

Powered by Blogger.