မုံရွာ နမခ တိုင်းစစ်ဌာနချုပ်ကို ရှော့ဒုန်းဖြင့် ပဟ်ခတ်တိုက်ခိုက်၊


ဖေဖေါ်ဝါရီ - ၄

မုံရွာ နမခ ခေါ် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ယမန်နေ့ ညနေပိုင်းက ရှော့ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People's Guerillas Commando – Myinmu – ပြည်သူ့ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့ - မြင်းမူ က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ(၃)ရက် ညနေ(၅)နာရီခွဲ ဝန်းကျင်က မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဝင်းအတွင်းသို့ ညီနောင် မဟာမိတ် ပူးပေါင်း စစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“မုံရွာမြို့ နမခ ခွေးခြံသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခက်တိုက်ခိုက် နိုင်ခဲ့ပါသည်။ ထိုသို့ပစ်ခက် တိုက်ခိုက်ခံရပြီးနောက် နမခ ခွေးခြံမှ  လက်နက်ကြီး အချက်ရေ (၃၀)မှ(၅၀)ကြား ည(၁၂)နာရီခန့်ထိ ပစ်ခတ်ခဲ့သော်လည်း ညီနောင်မဟာမိတ် ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်” ဟု People's Guerillas Commando – Myinmu က ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုကို မြို့ပြပြောက်ကျား တပ်ဖွဲ့များဖြစ်သော People's Guerillas Commando – Myinmu၊ Monywa Young People Group ၊ ဒုံးပျံ Local PDF (ဘုတလင်)၊ နင်ဂျာ Local PDF (ဘုတလင်)၊ လှော်တက်အင်အားစု 126 (အရာတော်) ညီနောင်မဟာမိတ် ငါးဖွဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ မုံရွာ နမခ တိုင်းစစ်ဌာနချုပ်ကို မြို့ပြပြောက်ကျား ရဲဘော်များက မကြာခဏ ပစ်ခတ်တိုက်ခိုက်လျှက် ရှိပြီး စကစများ အထိအခိုက် ရှိ၊မရှိကိုမူ မသိရပါ။



Mandalay Free Press - MFP

မုံရွာ နမခ တိုင်းစစ်ဌာနချုပ်ကို ရှော့ဒုန်းဖြင့် ပဟ်ခတ်တိုက်ခိုက်၊ မုံရွာ နမခ တိုင်းစစ်ဌာနချုပ်ကို ရှော့ဒုန်းဖြင့် ပဟ်ခတ်တိုက်ခိုက်၊ Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.