(ဖေဖော်ဝါရီလ ၁၂ ရက်)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း ရန်ကုန်-ပုသိမ် လမ်းမပေါ်တွင် ရဲတပ်ရင်း (၉)သို့ မောင်းနှင်လာသောစစ်ကားကို ဒီကနေ့ နံနက်အစောပိုင်းက မြို့ပြညီနောင်မဟာမိတ် (၂)ဖွဲ့ပူးပေါင်း၍ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဒီကနေ့ ဖော်ဖော်ဝါရီလ ၁၂ ရက် နံနက် (၅:၁၀)အချိန်ခန့်က ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်တွင် ကင်းလှည့်၍ ရဲတပ်ရင်း (၉)သို့ မောင်းနှင်လာသော စစ်ကားကို အဝေးထိန်းဗုံး(၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Z.T.H က သတင်းထုတ်ပြန်ထားပါတယ်။
"မနက်အစောကြီးပဲ သမကုန်းဘက်လောက်ကထင်တယ် ပေါက်ကွဲသံကြားရတယ် တိတ်ဆိတ်နေချိန်ဆိုတော့ ဗုံးသံကသိတဲ့အတိုင်းပဲ တော်တော်ကျယ်ကျယ်ကြားရတယ်" လို့ ဒေသခံတွေကလည်းဆိုပါတယ်။
အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို မြို့ပြတော်လှန်ရေးမဟာမိတ်တွေဖြစ်ကြတဲ့ From Zero To Hero (ZTH) နှင့် Black Eagle Ranger (BER) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပြီး ဒီကနေ့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဗိုလ်ရှုခံပွဲကျင်းပနေတဲ့ နေ့လည်းဖြစ်ပါသည်။
HTY Information
No comments:
Post a Comment