ရွှေဘိုမှာ စစ်အုပ်စု ၂ကြိမ် မိုင်းဆွဲခံရလို့ စစ်သား၂ ဦးသေဆုံး


ရွှေဘို၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၂။ 

ရွှေဘိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂ ရက် မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ၂ ကြိမ်ဆက်မိုင်းဆွဲခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ရွာနဲ့ ဇီးဖြူကုန်းရွာအကြားမှာ မနေ့က မနက် ၁၁ နာရီခွဲလောက်က ပထမတကြိမ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦးသေဆုံးပြီးနောက် ဆက်တိုက်ဆိုသလို နောက်တကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးထပ်မံ သေဆုံးခဲ့ပြီး စုစုပေါင်း ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Snake Eyes PDF က သတင်းထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင်စစ်ကောင်စီနဲ့ စစ်ကောင်စီဒေါက်တိုင်တွေကိုလည်း တဆက်တည်းရှင်းလင်းသွားမှာဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ သတိပေးရေးသားထားပါသေးတယ်။ 

Snake Eyes PDF ရဲ့ထုတ်ပြန်ချက်အရ  ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ထန်းဇင်ရွာနဲ့ ဆိပ်ခွန်ရွာကြားမှာ ပလိုင်းတပ်ကထွက်လာတဲ့ စစ်ကောင်စီနဲ့ပျူစောထီး ၂၀၀ ကျော်ကို မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 

ရွှေဘိုမှာ စစ်အုပ်စု ၂ကြိမ် မိုင်းဆွဲခံရလို့ စစ်သား၂ ဦးသေဆုံး ရွှေဘိုမှာ စစ်အုပ်စု ၂ကြိမ် မိုင်းဆွဲခံရလို့ စစ်သား၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 17:43 Rating: 5

No comments:

Powered by Blogger.