စစ်ကိုင်းတိုင်း ယင်းမာပင်က ဒုရဲမှုးကြီးတစ်ဦးဖမ်းဆီးခံရ


ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ ၂၀၂၂ 

စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နွယ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မကြာသေးခင်ရက်ပိုင်းကပဲ ဖမ်းဆီးလိုက်တယ်လို့အမည်မဖော်လို့တဲ့ CDM ရဲ့အရာရှိတစ်ဦးက ပြောပါတယ်။

မည်သည့်အတွက်ကြောင့်ဖမ်းဆီးသည်ကိုတော့ တိတိကျကျမသိရသေးကြောင်း အဆိုပါ CDM အရာရှိကဆိုပါတယ်။

ဒုရဲမှူးကြီးအောင်နွယ်ဦးသည် အရပ်ဖက်မှရဲဖြစ်လာသူတစ်ဦးဖြစ်ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း အရပ်သားမှရဲဖြစ်လာသူ အင်းစိန် CDM သင်တန်းကျောင်းက ဒုရဲမှူးကြီး ဇော်ဝင်းကို ကိုလည်းစစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကိုလက်မခံတဲ့ CDM လှုပ်ရှားမှုတွင် ရဲတပ်ဖွဲ့ဝင် များစွာပါဝင်ခဲ့ပြီး တချို့ကတိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့လွတ်မြောက်နေမြေမှာခိုလှုံနေကြသလိုတချို့တွေကတော့ တတိယနိုင်ငံသို့ ပြောင်းရွှေ့ခိုလှုံနေကြပါတယ်။ 

Salween Press

စစ်ကိုင်းတိုင်း ယင်းမာပင်က ဒုရဲမှုးကြီးတစ်ဦးဖမ်းဆီးခံရ စစ်ကိုင်းတိုင်း ယင်းမာပင်က ဒုရဲမှုးကြီးတစ်ဦးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.