လေးမျက်နှာမြို့တွင် အသံတိတ်သပိတ်နေ့က ကျင်းပခဲ့သော တပ်ထောက်ခံပွဲ၌ မူးရူးကာ ဆိုင်ကယ်ဖြင့်အချင်းချင်းဝင်တိုက်မိခဲ့သော စစ်သားနှင့်ရဲ ရှေ့ဆင့်နောက်ဆင့်သေဆုံး


ဖေဖော်ဝါရီ ၄ 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်နေ့က ကျင်းပခဲ့သော တပ်ထောက်ခံပွဲတွင် အရက်မူးကာ ဆိုင်ကယ်ဖြင့် အချင်းချင်းဝင်တိုက်မိခဲ့သော စစ်သားနှင့် ရဲမှာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှတဆင့်သိရသည်။

" စစ်သားပွဲချင်းပြီးသေတာ။ ရဲကနောက်နေ့မှသေတာ။ နှစ်ယောက်လုံအဲ့ဒီနေ့က မူးနေကြတာ။ အသုဘကို အိမ်ကလူတွေမျက်စီနဲ့ကိုယ်တိုင်မြင်ခဲ့တယ် " ဟု လေးမျက်နှာမြို့နယ် ဒေသခံတစ်ဦးက PDF Newsflash အားပြောသည်။

အသံတိတ်သပိတ်နေ့ ညနေပိုင်းတွင် ဆိုင်ကယ်ဖြင့် အချင်းချင်းဝင်တိုက်မိခြင်းဖြစ်ပြီး စစ်သားမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ရဲတပ်သားမှာ ဆေးရုံသို့ရောက်ရှိခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် နောက်ရက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။


PDF Newsflash

လေးမျက်နှာမြို့တွင် အသံတိတ်သပိတ်နေ့က ကျင်းပခဲ့သော တပ်ထောက်ခံပွဲ၌ မူးရူးကာ ဆိုင်ကယ်ဖြင့်အချင်းချင်းဝင်တိုက်မိခဲ့သော စစ်သားနှင့်ရဲ ရှေ့ဆင့်နောက်ဆင့်သေဆုံး လေးမျက်နှာမြို့တွင် အသံတိတ်သပိတ်နေ့က ကျင်းပခဲ့သော တပ်ထောက်ခံပွဲ၌ မူးရူးကာ ဆိုင်ကယ်ဖြင့်အချင်းချင်းဝင်တိုက်မိခဲ့သော စစ်သားနှင့်ရဲ ရှေ့ဆင့်နောက်ဆင့်သေဆုံး Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.