လှိုင်သာယာ၊ ကြံ့ခိုင်ရေးရုံးနှင့် မိုင်တဲတာဝါတိုင်ကို ဒေသခံပြောက်ကျားတပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်၊ စစ်ကောင်စီနောက်လိုက်နှစ်ဦး ထိခိုက်မှုရှိနိုင်ဟုဆို
(ဖေဖော်ဝါရီ ၃ ရက်)
လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ယာအနီးရှိ စစ်ကောင်စီ၏ စီးပွါးရေးဒေါက်တိုင်ဖြစ်သော မိုင်တဲတာဝါတိုင်နှင့် ကြံ့ခိုင်ရေးရုံးအား ဒေသခံပြောက်ကျားတပ်ဖွဲ့တစ်ခုမှ ယနေ့မနက်စောပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည််ဟု သိရသည်။
“ ၅:၂၀ လောက်က ရုံးရှေ့နားမှာ ဗုံးပေါက်သွားတယ် အသံကတော့ တော်တော်ကျယ်တယ်၊ အိပ်နေတာတောင်လန့်နိုးတယ်၊ ၆:၄၅ လောက်မှာ နောက်တစ်လုံးထပ်ပေါက်တယ်၊ ကြံ့ခိုင်ရေးရုံးဖောက်ခွဲခံရတယ်လို့ ကြားတယ်” ဟု မြို့နေပြည်သူတစ်ဦးမှ သတင်းပေးပို့သည်။
ယနေ့မနက် ဖောက်ခွဲမှုကို ဒေသခံပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော People.H.T.Y.Force မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ မနက် ၅:၂၀ တွင် မိုင်တဲတာဝါတိုင်အား ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့ကာ၊ ၆:၅၀ အချိန်တွင် ကြံ့ခိုင်ရေးရုံးအား အဝေးထိန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု အဖွဲ့၏တာဝန်ရှိသူမှ HTY Information သို့ပြောသည်။
“ပထမတစ်လုံးဖောက်ပြီး စခ တွေရောက််လာတာကိုစောင့်နေတာ၊ သူတို့ကမလာပဲ လူမိုက်လိုလို၊ ဇိုးလိုလို နောက်လိုက်တွေပဲ ရောက်လာတော့လဲ အဝေးထိန်းနဲ့ခွဲလိုက်တာ ၂ ယောက်ထိတယ်ကြားတယ်” ဟု ၎င်းမှ ဖြည့်စွက်ပြောကြားခဲ့သည်။
ယနေ့မနက်ဖောက်ခွဲမှုတွင် ထိခိုက်မှု အသေးစိတ်အား HTY Information အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်ပါသည်။
HTY Information
No comments:
Post a Comment