ကလေးမြို့တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့ စကစ၊ ပျူစောထီးတို့တိုက်ပွဲဖြစ်ပွား


ကလေးနယ်တောင်ပိုင်း၊ ကြံသာရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စကစတပ်ဖွဲဝင်များနှင့် ၎င်းတို၏လက်ပါးစေ ပျူစောထီးအဖွဲဝင်များကို CDF - KKG၊ CDF - Hakha၊ PDF - Kalay တပ်ရင်း (၄) / (၇)၊ RKDF နှင့် ပကဖပူးပေါင်းတပ်ဖွဲတိုမှ ယနေ့ ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီခွဲအချိန်မှစတင်ပြီး တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲအတွင်း ဂန့်ဂေါမြိုနယ်မြောက်ပိုင်း၊ ဟံသာဝတီရွာစာသင်ကျောင်းတွင်တပ်စွဲထားသည့် စကစတပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ပြီး နံနက် (၈) နာရီအချိန် အထိ တိုက်ပွဲကြာမြင့်ခဲ့သည်။ ပူးပေါင်းအဖွဲမှ ပစ်ခတ်သည့် စနိုက်ပါနှင့် လက်နက်ကြီးလက်ချက်ကြောင့် ရန်သူဖက်မှ (၂)  ဦးထက်မနည်းကျဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရနိုင်ကြောင်းနှင့် မိမိတို CDF - KKG တပ်ဖွဲမှ ရဲဘော်တစ်ဦး၊ CDF - Hakha မှ ရဲဘော်တစ်ဦး လက်နက်ကြီးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြပြီး၊ ပူးပေါင်းအဖွဲအားလုံး အကျအဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်။

အထိနာသွားသည့် အဆိုပါစကစတပ်ဖွဲဝင်များနှင့် ပျူစောထီးများသည် ကြံသာရွာအနောက်ဖက်ရှိ အောင်သာယာရွာသိုဝင်ရောက်ကာ ရွာထဲရှိ အမျိုးသားများကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်းနှင့်၊ ဖမ်းဆီးခံရသူများထဲမှ (၂) ဦးမှာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရသည်။  

ယခုအချိန်ကာလအတွင်း တိုက်ပွဲများအချိန်အခါမရွေး ထပ်မံဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ဖေဖော်ဝါရီ (၁၂) ရက် (ပြည်ထောင်စုနေ့) အထိတိုင်အောင်  ကလေး - ဂန့်ဂေါပြည်ထောင်စုလမ်းမကို အသုံးမပြုကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


Zalen 

ကလေးမြို့တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့ စကစ၊ ပျူစောထီးတို့တိုက်ပွဲဖြစ်ပွား ကလေးမြို့တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့ စကစ၊ ပျူစောထီးတို့တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.