Photo - MB PDF |
ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ (၄)နာရီဝန်းကျင်မှစတင်ပြီး ရှမ်းကယားနယ်စပ်၊ မိုးဗြဲမြို့အနီး၊ လွယ်စတုံးကျေးရွာအနီးမှာ MB PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း MB PDF မှ ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ (၁၅)ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးတွေ အဆမတန် အသုံးပြုခဲ့တဲ့အပြင် ညနေပိုင်းလောက်မှာ ဖလိုင်ရွာအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားရာနေရာမှာရှိတဲ့ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး တွေ့ရာ၊ မြင်ရာ အရပ်သားတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားတာတွေ ပြုလုပ်နေတယ်လို့ MB -PDF သတင်းထုတ်ပြန်ထားပါတယ်။
KnIC
အကြမ်းဖက် စ.က.စ က ပြည်သူတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်
Reviewed by THITHTOOLWIN
on
20:29
Rating:
No comments:
Post a Comment