မင်းကင်းတိုက်ပွဲတွင် တပ်ရင်း(၁၀၁)သုံးပွင့်ဗိုလ်အဆင့်ရှိသူသေဆုံး၊ဖြစ်သလိုအလောင်းကိုစောင်နှင့်ပတ်၍ မြေမြှုပ်သဂြိုလ်၊စစ်ကောင်စီတပ်သားများ၏အလောင်း ဆက်လက်ရှိနိုင်ဟုဆို


ဖေဖော်ဝါရီ၅၊ မုံရွာ

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ-မြစ်ရိုးအောက်ဒေသ(ပကဖ)နှင့်စစ်ကောင်စီတပ်တို့ ဇန်နဝါရီ၃၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ သုံးပွင်ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံး၍ အလောင်းကိုစောင်နှင့်ပတ်၍ ဖြစ်သလိုမြေမြှုပ်သဂြိုလ်သွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာ​ကွယ်ရေးတပ်ဖွဲ့-မြစ်ရိုးအောက်ဒေသ(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။ 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသေဆုံးမှုများပြားရာ တပ်ရင်း(၁၀၁)မှ သုံးပွင့်ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးကြောင်း၊အလောင်းကိုစောင်နှင့်ပတ်၍ဖြစ်သလိုမြေမြှုပ်သဂြိုလ်သွားကြောင်း၊နောက်ထပ်စစ်ကောင်စီတပ်သားများ၏အလောင်းများရှိနေနိုင်သေးကြောင်း၊အချိန်လင့်နေ၍ စစ်ကောင်စီတပ်သားများ၏အလောင်းများကို မရှာတော့ပဲ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-မြစ်ရိုးအောက်ဒေသ(ပကဖ)မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။


Chindwin Yoma Media

မင်းကင်းတိုက်ပွဲတွင် တပ်ရင်း(၁၀၁)သုံးပွင့်ဗိုလ်အဆင့်ရှိသူသေဆုံး၊ဖြစ်သလိုအလောင်းကိုစောင်နှင့်ပတ်၍ မြေမြှုပ်သဂြိုလ်၊စစ်ကောင်စီတပ်သားများ၏အလောင်း ဆက်လက်ရှိနိုင်ဟုဆို မင်းကင်းတိုက်ပွဲတွင် တပ်ရင်း(၁၀၁)သုံးပွင့်ဗိုလ်အဆင့်ရှိသူသေဆုံး၊ဖြစ်သလိုအလောင်းကိုစောင်နှင့်ပတ်၍ မြေမြှုပ်သဂြိုလ်၊စစ်ကောင်စီတပ်သားများ၏အလောင်း ဆက်လက်ရှိနိုင်ဟုဆို Reviewed by THITHTOOLWIN on 23:01 Rating: 5

No comments:

Powered by Blogger.