ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ၂၀၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှ နေပြည်တော်သို့စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးတဦးနဲ့ဗိုလ်ကြီးတဦးမောင်းနှင်းလာတဲ့ကားအား ရဲတပ်ဖွဲ့မှရပ်တန့်စစ်ဆေးခဲ့ရာ ကာလတန်ဖိုးကျပ်သိန်း ၅ ထောင်ခန့်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က ပင်လောင်း-နေပြည်တော်ကားလမ်းမပေါ်ရှိ လိန်းလီကြိုးတံတားထိပ်တွင် ဖမ်းဆီးရမယ်လို့ CDM ရဲတပ်ဖွဲ့ဝင်တွေထံမှသိရပါတယ်။
မူးယစ်ဆေးဝါးသယ်ယူမောင်းနှင်းလာသော ကြည်း ၄၀၄၉၃ ဗိုလ်မှူး စံမင်းထွန်းသည် လေကြောင်းရန်ကာကွယ်ရေးတပ် လကတ ( ၂၀၃၂ ) တပ်ကုန်းမြို့တွင် လက်နက်စနစ်တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်နေပြီး ကိုယ်ပိုင်နံပတ် ကြည်း ၅၆၁၇၅ ဗိုလ်ကြီးကျော်ပြည်ဖြိုးသည်လည်း ဗိုလ်မှူးစံမင်းထွန်းနဲ့ တပ်ရင်းတခုတည်းအတူတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ Police CDM Channel မှာဖော်ပြထားပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် နမ့်စန်မှနေပြည်တော်သို့ငွေကျပ်သိန်း ၅၀ ယူကာ မူးဆယ်ဆေးဝါးများအား သယ်ယူပို့ဆောင်ပေးခြင်းဖြစ်တယ်လို့ထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့ရဲ့ကြေးနန်းစာမှာဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအား စစ်သားများဖြစ်နေသည့်အတွက် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ကိုလွှဲပြောင်းပေးလိုက်ရတယ်လို့လဲ CDM ရဲအရာရှိတစ်ဦးကပြောပါတယ်။
Salween Press
No comments:
Post a Comment