မလှိုင်၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၂။
မလှိုင်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ဖေဖော်ဝါရီ ၆ ရက် ဒီနေ့မနက် ၇ ခွဲလောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်ဟာ စစ်ကောင်စီနဲ့ပက်သက်ဆက်နွယ်မှုတွေလုပ်နေတာကြောင့် သူရဲ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်ပြီးသုတ်သင်ခဲ့တာလို့ Underground For Mahlaing − UGFM ရဲ့ အဖွဲ့ဝင်တဦးက အတည်ပြုပြောကြားထားပါတယ်။
ဒီလုပ်ဆောင်ချက်ကို Myangyan Twenty One Guerilla Force − MTGF နဲ့ Underground For Mahlaing – UGFM အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်သလို ရှေ့ဆက်ပြီးတော့လည်း မြို့ပြတိုက်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာ စစ်ကောင်စီနဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို အရှိန်တင်ပြီး ရှင်းလင်းသွားမှာဖြစ်တယ်လို့ အဲ့ဒီနှစ်ဖွဲ့ရဲ့ပူးပေါင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment