ယင်းမာပင်တွင် သင်တန်းဆင်းပွဲပြုလုပ်စဉ် စစ်ကောင်စီ လေယာဉ်အသုံးပြု တိုက်ခိုက်၊ လူငယ် ၁၀ ဦး သေဆုံး


မဲခေါင် ၊ ဖေဖော်ဝါရီ ၂၈ ရက် 

ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာ၊ ကျောက်ပြုတ်ရွာနှင့် ဝါစိမ်းတောင်ဒေသအား အကြမ်းဖက် စစ်ကောင်စီတပ် မှ ဖေဖော်ဝါရီ ၂၆ ရက် တွင် ရဟက်ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ထိုးစစ်ဆင်ခဲ့ကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သိရသည်။

ယနေ့ ဖော်ဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဘက်မှ လေယာဥ်များနှင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့က အကြီးဆုံးတိုက်ပွဲဖြစ်နေတာ အခုလဲအကိုတို့ပြေးနေရတယ် ခုခံနိုင်သလောက်တော့ ခုခံနေကြတာပဲ ဆေးဝါး၊ အဝတ် နဲ့ စားဝတ်နေရေးတွက် အရေးပေါ်လိုအပ်နေတယ်” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ယင်းမာပင်ပြန်ကြာရေး၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်အုပ်စုမှ Mi35 ၂ စီး ၊ ရိုးရိုးရဟတ်ယာဥ် ၂ စီး စုစုပေါင်း ၄ စီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် သပြေအေးကျေးရွာအား အင်အား ၆၀ ဝန်းကျင်ဖြင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို မီးရိူ့ဖျက်စီးနေပြီး ထိခိုက်သေဆုံးမူများကို ထပ်ပြီး အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

"၂၆ ရက်နေ့က သင်တန်းဆင်းပွဲ လုပ်နေတဲ့အချိန် ဂျက်ဖိုက်တာ ၂ စီးက ပတ်ပြီးတော့ပစ်တယ်။ ၃စီးက လူကိုချတယ် အဲ့ပစ်တဲ့ချိန်မှာပဲ ရုံးရင်းဆန်ခတ်တွေဖြစ်ပြီးတော့ ထွက်ပြေးကြတယ်။ တစ်ချို့ကလဲ ဘုန်းကြီးကျောင်းထဲမှာဝင်တယ်။

ဘုန်းကြီးကျောင်းဘက်က စာသင်နေတာက သက်သက် သူတို့ကဝင်တော့ အဲ့မှာ လူချတဲ့ စစ်ခွေးတွေက ဘုန်းကြီးကျောင်းထဲကို ဝင်ပြီး သူတို့ကပစ်တာပေါ့။ ကျွန်တော်တို့အဲ့နေ့ကကျ ရွာထဲ ပြန်ဝင်ကြည့်လို့မရဘူးလေ အဲ့ဒါဒီနေ့မှ ကျဆုံးတာ အကုန်စုစုပေါင်း ၁၀ ယောက်ရှိတာ သိရတယ်"



MeKong News - မဲခေါင်သတင်း

ယင်းမာပင်တွင် သင်တန်းဆင်းပွဲပြုလုပ်စဉ် စစ်ကောင်စီ လေယာဉ်အသုံးပြု တိုက်ခိုက်၊ လူငယ် ၁၀ ဦး သေဆုံး ယင်းမာပင်တွင် သင်တန်းဆင်းပွဲပြုလုပ်စဉ် စစ်ကောင်စီ လေယာဉ်အသုံးပြု တိုက်ခိုက်၊ လူငယ် ၁၀ ဦး သေဆုံး Reviewed by THITHTOOLWIN on 23:02 Rating: 5

No comments:

Powered by Blogger.