ပခုက္ကူတံတား/ Photo – CJ |
ဖေဖေါ်ဝါရီ - ၉
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပခုက္ကူတံတားအနီး ညောင်ဦး - မြင်းခြံလမ်းတွင် ယမန်နေ့ ဖေဖေါ်ဝါရီ(၈)ရက် ညနေပိုင်းက စကစ လက်နက်ကိုင် ရဲတစ်ဦးကို ပစ်သတ်ခံရကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
“ပခုက္ကူတံတားစောင့် ရဲခွေးတစ်ကောင် နယ်ကျော်လို့ ပစ်သတ်ခံရ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ စကစကို ပုဂံ - ညောင်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ - BGN NYU PDF နှင့် မြင်းခြံတိုက်ဂါး - MGN TIGER ညီနောင်တို့ ပူးပေါင်း၍ သုတ်သင်ရှင်းလင်းခဲ့သည်ဟု BGN NYU PDF က သတင်းထုတ်ပြန်သည်။
“ပခုက္ကူတံတားအနီး မြင်းခြံလမ်းအထွက်တွင် ရဲခွေးတစ်ကောင်၏ ဦးခေါင်းနောက်စေ့ကို ငရုတ်သီး တစ်တောင့့်ဖြင့် ငရဲပြည်သို့ အရောက် ပို့ပေးလိုက်သည်” ဟု BGN NYU PDF က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပုဂံ ညောင်ဦးရှိ စကစ သတင်းပေးဒလန်အချို့ အသတ်ခံခဲ့ရသေးသည်။ ထိုသို့ စကစနှင့် ဆက်နွှယ်သူအချို့ အသတ်ခံရပြီးနောက် စစ်အုပ်စုကလည်း ပုဂံ - ညောင်ဦး ဒေသခံများကို ဥပဒေမဲ့ ဖမ်းဆီး နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း၊ အနိုင်ကျ့င့် သောင်းကျန်းခြင်းများ လုပ်ဆောင်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment