ဖေဖေါ်ဝါရီ - ၂၅
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဂွေးကုန်းရွာရှိ စကစ လက်ပါးစေ ပျူနှစ်ဦးကို ယမန်နေ့က သုတ်သင်ရှင်းလင်းခဲ့ပြီး သေနတ်နှစ်လက် သိမ်းယူရရှိခဲ့ကြောင်း ရွှေဘို ယမ်းဘီလူး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဖေဖေါ်ဝါရီ(၂၄)ရက်က ရွှေဘိုမြို့နယ်၊ ဂွေးကုန်းကျေးရွာရှိ ပျူနှစ်ဦးကို ရှင်းလင်း သုတ်သင်ခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်သော လက်နက် နှစ်လက်ကို သိမ်းယူ နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ပျူနှစ်ဦးကို ရွှေဘိုယမ်းဘီလူး ပြောက်ကျားတပ်ဖွဲ့နှင့်အတူ မဟာမိတ်များ ဖြစ်သော Shwe bo Defense Force၊ Ghost Rider၊ BRRMESE DRAGON FORCE တို့ ပူးပေါင်း၍ သုတ်သင်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေဘို ယမ်းဘီလူး ပြောက်ကျားတပ်ဖွဲ့က ဖော်ပြသည်။
လက်ရှိတွင် စကစနှင့် ပျူများက ရွှေဘိုခရိုင်အတွင်း ရွာစဉ်ပတ်မွှေ၍ ထင်တိုင်းကျဲ သောင်းကျန်းကာ လူသတ်၊ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ အဓမ္မပြုကျင့်၊ လက်နက်ပြ၍ ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်ခြင်းများ ကျူးလွန်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment