▪️ပြည်သူ့ရဲဘော်အချို့ကျဆုံးပြီး အရပ်သားပြည်သူ ၆ဦးထက်မနည်းဒဏ်ရာရဟုဆို
မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအများအပြားသေဆုံးခဲ့သည့်အပြင် တင့်ကားတစ်စီး ပျက်စီးခဲ့ကြောင်း ဒေသတွင်းမဟာမိတ်တပ်ဖွဲ့ဝင်တစ်ခုဖြစ်သည့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။
ရှမ်းနှင့် ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲနှင့် ဝှါရီဆူးပလိုင်ကျေးရွာအကြားတွင် တင့်ကား(၂)စီးအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသတွင်းမဟာမိတ်တပ်(DMO-PDF၊PK-PDF၊ MB-PDF၊LK-PDF)နှင့်အလယ်ပိုင်းတိုင်း၊ KNDF၊ KGZ၊ KA တပ်တို့ပူးပေါင်း တိုက်ခိုက်ခဲံ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အထိနာသောကြောင့် ညနေပိုင်းတွင် တိုက်လေယာဉ် နှစ်စီးဖြင့် ရှစ်ကြိမ်ထက်မနည်းဗုံးကြဲ တိုက်ခိုက်ခဲ့သည် ဖော်ပြ သည်။
အဆိုပါတိုက်ပွဲ၌ ့ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိခိုက် ကျဆုံးမှုအချို့ရှိခဲ့ကြောင်း၊ ယနေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး ဝှါရီဆူးပလိုင်ကျေးရွာရှိ ဒေသခံနေအိမ်အချို့ မီးလောင်ပျက်စီးမှုရှိသကဲ့သို့ မိုးဗြဲဒေသတွင် ဒေသခံပြည်သူ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။
ယမန်နေ့မှစ၍ နှစ်ရက်ဆက်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသခံထောင်ချီ၍ အိုးအိမ်စွန့်ကာဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်ဟု ဖော်ပြထားသည်။
People's Spring
No comments:
Post a Comment