စစ်ကောင်စီနှင့် ပတ်သက်နေသည့်နေရာများကို အရှိန်မြင့်တိုက်ခိုက်သွားမည်ဟု မြန်မာအစ္စလာမ်ဘာသာဝင်များ ပြောက်ကျားတပ်ဖွဲ့ သတိပေး



 ဖေဖော်ဝါရီ - ၄ 

မန္တလေးတိုင်းအတွင်း စစ်ကောင်စီနှင့် ပတ်သက်နေသည့် နေရာများ၊ ထောက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြန်မာအစ္စလာမ်ဘာသာဝင်များ ပြောက်ကျားတပ်ဖွဲ့ (Myanmar Islamic Commando-PDF) က ယနေ့ သတိပေးချက် ထုတ်ပြန်သည်။ 

ဖေဖော်ဝါရီလ (၂)ရက်နေ့က ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် သတိပေးဖောက်ခွဲမှုပြုလုပ်အပြီး ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။ 

စစ်ကောင်စီနှင့် ပတ်သက်ခြင်းမပြုလုပ်ကြရန်နှင့် အန္တရာယ်တစုံတရာရှိလာပါက MIC အနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်းလည်း သတိပေးထားသည်။ 

ပြည်သူများ ဒုက္ခ၊ အခက်အခဲများနှင် ရင်ဆိုင်၊ တိုက်ခိုက်နေရချိန်တွင် လျှပ်စစ်မီတာခ အတင်းအကြပ် ကောက်ခံပေးခြင်း၊ စစ်ကောင်စီနှင့် ပူပေါင်းကာ စီးပွားရေးဆောင်ရွက်ခြင်း၊ အခွန်ပေးဆောင်ခြင်း၊ လောင်းကစား၊ မင်္ဂလာဆောင်များ၊ အသံကျယ်ချဲ့စက်များ ကျယ်လောင်စွာဖွင့်ခြင်း၊ မူးယစ်ဆေးဝါးနှင့် အရက်များ ရောင်းဝယ်၊ သောက်စား သောင်းကြမ်းမှုများ မပြုလုပ်ကြရန်လည်း တောင်းဆိုထားပြီး လိုက်နာခြင်းမရှိပါက သတင်းပေး တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူသွားပါမည်ဟု ဆိုထားသည်။ 

ပညာရေးနှင့် အခြားသော အစိုးရဝန်ထမ်းများအနေနှင့် အသိပညာဉာဏ်ကို အသုံးပြုကာ အမှန်တရားဘက်မှ ရပ်တည်၍ CDM တွင် ပါဝင်ကြရန်လည်း MIC အဖွဲ့က တိုက်တွန်းထားသည်။ 


Mandalay Free Press - MFP


စစ်ကောင်စီနှင့် ပတ်သက်နေသည့်နေရာများကို အရှိန်မြင့်တိုက်ခိုက်သွားမည်ဟု မြန်မာအစ္စလာမ်ဘာသာဝင်များ ပြောက်ကျားတပ်ဖွဲ့ သတိပေး စစ်ကောင်စီနှင့် ပတ်သက်နေသည့်နေရာများကို အရှိန်မြင့်တိုက်ခိုက်သွားမည်ဟု မြန်မာအစ္စလာမ်ဘာသာဝင်များ ပြောက်ကျားတပ်ဖွဲ့ သတိပေး Reviewed by THITHTOOLWIN on 21:28 Rating: 5

No comments:

Powered by Blogger.