စစ်ကောင်စီဘက်မှအယောင်ဆောင်မြို့ပြပြောက်ကျားအဖွဲ့ပေါ်နေ၍ ရှင်းလင်းမည်ဟု မုံရွာတော်လှန်ရေးအဖွဲ့များထုတ်ပြန်
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်ကောင်စီဘက်မှအယောင်ဆောင် မြို့ပြ ပြောက်ကျားအဖွဲ့အသုံးပြုလာ၍ မုံရွာမြို့ပြပြောက်ကျား၁၀ဖွဲ့မှရှင်းလင်းမည်ဟုယနေ့ညတွင်ထုတ်ပြန်ကြေညာလိုက်သည်။
မုံရွာမြို့တွင် မြို့ပြUGပြောက်ကျားအဖွဲ့များနှင့်အပြိုင် စစ်ကောင်စီဘက်မှ အယောင်ဆောင်UGအဖွဲ့များကို မုံရွာမြို့ပေါ်တွင် အသုံးပြုလျက်ရှိပြီး အယောင်ဆောင် UGအဖွဲ့များကို ရှင်းလင်းသုတ်သင်မည်ဟုမုံရွာမြို့ပြပြောက်ကျား၁၀ဖွဲ့မှ ထုတ်ပြန်ကြေညာသည်။
မုံရွာပြည်သူလူထုနှင့် UGပြောက်ကျားတပ်ဖွဲ့များကို သွေးခွဲမှုများစစ်ကောင်စီဘက်မှ ပြုလုပ်လာပြီး မြို့ပြပြောက်ကျား ၁၀ဖွဲ့မှ စုံစမ်းလျက်ရှိကာ UG အတုအယောင်များမှာ Monywa Special ဒိတ်ဒိတ်ကြဲနှင့် Monywa Red Fire တို့သည် မြို့ပေါ်တွင် အယောင်ဆောင်UGအဖြစ် အသုံးပြုနေကြောင်း ယနေ့တွင်ထုတ်ပြန်ကြေညာသည်။
အဆိုပါထုတ်ပြန်ကြေညာချက်ကို မုံရွာသံမဏိတပ်ဖွဲ့၊Monywa Heroes Group၊လောကနတ်၊PDF-South Monywa၊Monywa NightKing၊Monywa The Boys၊Red Code Revolution၊ACF Monywa၊Monywa Phoenix Warriorနှင့် Monywa Ninjaတို့မှ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သံသယရှိခံရသည့် Monywa Red Fire PDFကလည်း အသိပေးစာတစ်စောင်ယနေ့ညတွင်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့သည် စစ်ကောင်စီမှအယောင်ဆောင်အဖွဲ့ လုံးဝ(လုံးဝ)မဟုတ်ပါကြောင်း၊ တာဝန်ရှိသည့် ပုဂ္ဂိုလ်များမှလာရောက်သေချာစုံစမ်းမေးမြန်းမှုများပြုလုပ်နိုင်ပြီး ၎င်းတို့အဖွဲ့သည် လူနည်းစုနှင့်ဖွဲ့စည်းထားသောအဖွဲ့ငယ်သာဖြစ်ကြောင်း၊ လက်လုပ်မိုင်းမို့သာ အသံထွက်မှုနည်းခြင်းကြောင့်နားလည်မှုလွဲခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သည် Monywa Special ဒိတ်ဒိတ်ကြဲ PDFမှလက်ခွဲ၍ တည်ထောင်ထားသောအဖွဲ့ဖြစ်ကြောင်းအသိပေးထားသည်။
People's Spring
No comments:
Post a Comment