ကနီနယ်တွင် စစ်ကြောင်းထိုး သောင်းကျန်းနေသော စကစများ ထောင်မိုင်းမိပြီး (၁၀)ဦးခန့် သေဟုဆို၊

ဖေဖော်ဝါရီ - ၂၂ 

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကျေးရွာများသို့ နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက် သောင်းကျန်းနေသော စကစများ ယနေ့ နံနက်တွင် ချိုင်ရွာမှ ငါးဖျက်ရွာဘက်သို့ လာရောက်စဉ် ထောင်မိုင်းမိသဖြင့် (၁၀)ဦးခန့် သေကြောင်း ကနီနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကျောက်လုံးကြီး - KLG-PDF ကနီက သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖေါ်ဝါရီ(၂၂)ရက် နံနက်(၆)နာရီခန့်က ချိုင်ရွာတွင် တပ်စွဲထားသော စကစများ ငါးဖျက်ရွာဘက်သို့ လာရောက်စဉ် ထောင်မိုင်းမိသလို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုများလည်း ရှိခဲ့ပြီး စစ်ကောင်စီဘက်က စုစုပေါင်း (၁၀)ဦးခန့် သေကာ အများအပြာ ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ဆိုသည်။ 

"နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး KLG-PDF က ရဲဘော်တစ်ဦး ကျည်ထိမှန်ထားပါတယ်။ မစိုးရိမ်ရပါဘူး"ဟု ကနီနယ် KLG-PDF က ဆိုသည်။ 

ထို့အပြင် ယနေ့ နေ့လယ်ပိုင်းအချိန်ထိ စစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ပြည်သူ့ရဲဘော်များက ပြောသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းတွင် ကနီမြို့နယ် ချင်းတွင်းမြစ် အနောက်ဖက်ကမ်း ကျေးရွာများဖြစ်သော အိုင်တောင်အနောက်ရွာ၊ ချိုင်ရွာနှင့် သရက်ပင်ကျေးရွာများသို့ စီးနင်းဝင်ရောက်ကာ နေအိမ်မီးရှို့ခြင်း၊ လူသတ်ခြင်း၊ ဓားပြတိုက်လုယက်ခြင်းနှင့် ဒေသခံများအား ဖမ်းဆီးနှိပ်စက်ခြင်းများ ကျူးလွန်လျှက် ရှီပြီး ထောင်သောင်းချီသော ဒေသခံများ ထွက်ပြေးနေရသည်။

ဖေဖော်ဝါရီ(၂၀)ရက်က အိုင်တောင်အနောက်ရွာသို့ စစ်ကောင်စီ စီးနင်းဝင်ရောက် မီးရှို့သဖြင့် နေအိမ်(၁၇)လုံး မီးလောင်ခဲ့သည့်အပြင် တောင်သူသုံး အသုံးအဆောင်များလည်း မီးလောင်ပြာကျခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီ(၂၁)ရက်ကလည်း မင်းကင်းနယ်ဘက်မှ ကနီနယ်ဘက်သို့ ဆယ်ရွာချောင်ဒေသ တောလမ်းအတိုင်း ချီတက်လာသည့် စစ်ကောင်စီတပ်ကို အနောက်ချောင်းရိုးရောက်ရှိချိန်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီး (၁၅)ကောင်ခန့် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၂)က  ထုတ်ပြန်ထားသည်။


Mandalay Free Press - MFP

ကနီနယ်တွင် စစ်ကြောင်းထိုး သောင်းကျန်းနေသော စကစများ ထောင်မိုင်းမိပြီး (၁၀)ဦးခန့် သေဟုဆို၊ ကနီနယ်တွင် စစ်ကြောင်းထိုး သောင်းကျန်းနေသော စကစများ ထောင်မိုင်းမိပြီး (၁၀)ဦးခန့် သေဟုဆို၊ Reviewed by THITHTOOLWIN on 05:32 Rating: 5

No comments:

Powered by Blogger.