ဖေဖော်ဝါရီ ၁၉ ရက်။
ဧရာဝတီတိုင်စ၊ လပွတ္တာမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပျူစောထီးအဖွဲ့ဝင်တဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
အထက်ပြွန်ကျေးရွာမှ ရာအိမ်မှူး ပျူစောထီးအဖွဲ့ဝင် ဦးသံချောင်းဆိုသူအား မြို့ပြပြောက်ကျားတပ်ဖွဲ့မှ သူပိုင်သည်စက်လှေပေါ်တွင် ညနေ ၃ နာရီခန့်က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
" သူကပြောရရင် ဒလန်အကြီးစား ရာအိမ်မှူးလည်ဟုတ်တယ် ပျူစောထီးလည်းဟုတ်တယ် ပြီးတော့ စစ်တပ်သတင်းပေး လုပ်နေတာ လပွတ္တလုတ်နဲ့အထက်ပြွန်ဘက်တွေသူကြောင့် မဆိုင်တဲ့ ဒေသခံတွေ အဖမ်းခံရတာမနည်းတော့ဘူး''ဟု တော်လှန်ရေးအဖွဲ့ဝင် တဦးမှ ပြောသည်။
စစ်အုပ်စုဘက်မှ ရာအိမ်မှူး ပျူစောထီး သံချောင်းအား PDF တွေမှသတ်ပြီး ငွေ ၂၅ သိန်းကိုယူဆောင်သွားကြောင်း ပြည်သူများကြား သတင်းအမှားလွှင့်နေမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ လူကိုသတ်ပြီး စက်လှေအား မြစ်ထဲမျှောခဲ့ပေမယ့် ပိုက်ဆံယူ ဆောင်လာခြင်းမရှိကြောင်း ပြောဆိုသည်။
မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရှင်းလင်းခဲ့သည့် အထက်ပြွန်ကျေးရွာမှ ရာအိမ်မှူး ကြံ့ခိုင်ရေးပါတီဝင် ပျူစောထီးအဖွဲ့ဝင် ဦးသံချောင်းဆိုသူမှာ မဟုတ်မှန်တဲ့သတင်းတွေပေးပြီး ပြည်သူတွေကို စစ်အာဏာရှင်အလိုကျ ဖိနှိပ်မှုတွေပြုလုပ်နေခြင်းကြောင့် ရှင်းလင်းခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံအများစုမှ မှတ်ချက်ပေးပြောဆိုသည်။
Ayeyarwaddy Times
No comments:
Post a Comment