Photo crd-Aung San Force |
Feb 18
ယနေ့နံနက်8:00ခန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးပုလဲမြို့နယ်ရှိ အိမ်ခြေ ၄၀၀ခန့်ရှိသော ချောင်းဦးကျေးရွာကို မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဆိုပါမီးရှို့မှုဟာ ဇီးဖြူကုန်းကျေးရွာရှိ ပျူစောထီးများရဲ့ ယုတ်မာမှုဖြစ်တယ်လို့ဒေသခံကဆိုပါတယ်။
"ဇီးဖြူကုန်းရွာမှာဖွင့်လစ်ထားတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီအကြမ်းဖက်တွေက ယနေ့နံနက်လက်နက်ကြီးေတွ ပစ်ဖောက်ပြီးထွက်လာတာ ရွာမှာစောင့်နေတဲ့လူတွေလည်းအကုန်ထွက်ပြေးလာရတယ် ရွာနားရောက်တော့လည်း ရွာပတ်ချာလှည့် သေနက်တွေနဲ့ပစ်သေးတယ်။
နံနက်8:00နာရီလောက်ကျတော့ ရွာပါတ်ပါတ်လည်ကနေမီးရှို့ပစ်လိုက်ကြတာ ဘာမှကိုမကျန်အောင်ပါဘဲဗျာ ကျနော်တို့ရွာကို အကြောင်းမဲ့မီးရှို့တာ ယုတ်မာချက်ကတော့စကားနဲ့ပြောလို့တောင် မလုံလောက်ပါဘူးလို့" ဒေသခံတဦးက PEကိုပြောပါတယ်။
မှတ်ချက်။ ။ ကျနော်တို့PEအနေနဲ့ ယခုလို မီးဘေးသင့်ပြည်သူများအား တက်စွမ်းသမျှထောက်ပံ့ကူညီနေတာမို့ အဝေးရောက်ညီကိုမောင်နှမများအနေဖြင့်လည်း ပြည်သူလူထုအတိဒုက္ခေရာက်နေချိန်မှာအမှန်တကယ်လိုအပ်နေတာေတွ အကူအညီပေးနိုင်ဖို့ ကျနော်တို့နဲ့အတူပူးပေါင်းပါဝင်လှူတန်းပေးစေချင်ပါတယ်ခင်ဗျာ။
Pale Entertainment
No comments:
Post a Comment