ဖျာပုံခရိုင် ဖေဖဝါရီ ၁၂ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ဖျာပုံမြို့၊ကျိုက်လတ်မြို့နှင့် ဘိုကလေးမြိနယ်များအတွင်း ယမန်နေ့ ဖေဖော် ဝါရီ ၁၁ ရက်ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေငြာသည်။
ကျိုက်လတ်မြို့အဝင် စစ်ဆေးရေးဂိတ်၊ ဖျာပုံမြို့ အမှတ် ၁၀ ရပ်ကွက်ရုံးနှင့် ဘိုကလေးမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့ ၊သစ်တောရုံးရှေ့များတွင် ဒေသအလိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ကတော့ 'စစ်ကျွန်မခံတို့တွန်းလှန်၊ အာ ဏာရှင်အောက်ဒူးမထောက်' ဆိုတဲ့အတိုင်းဆက်တိုက်သွား မှာဖြစ်တယ်။ပြည်သူတွေအနေနဲ့ကတော့ ပေါက်ကွဲမှုဖြစ်တဲ့ အနီးအနားကိုသတိနဲ့သွားလာနေထိုင်ကြဖို့ တိုက်တွန်း လိုပါတယ်"ဟုကျိုက်လတ်( ဧရာဗေဒါ) အဖွဲ့ဝင်တဦးကဧရာဝတီတိုင်းကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုများအား ဧရာဝတီတိုင်းအခြေစိုက်တော်လှန်ရေးအင်အားစုများဖြစ်သည့် ဧရာဗေဒါအဖွဲ့ (ကျိုက်လတ်)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဖျာပုံ)နှင့် ဘိုကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထား သည်။
Ayeyarwaddy Times
No comments:
Post a Comment