ကျိုက်လတ်မြို့နယ်တွင် နှင်းဆီပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူတစ်ဦး အသတ်ခံရ

 


ကျိုက်လတ်၊ ဖေဖော်ဝါရီ ၃ ရက် 

ဧရာဝတီတိုင်း ၊ကျိုက်လတ်မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ နှင်းဆီပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူတစ်ဦး ယမန်နေ့က အသတ်ခံရကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျိုက်လတ်မြို့နယ်၊ ဆင်တာကျေးရွာအုပ်စု၊ညောင်ပင်စုကျေးရွာနေ ဦးလှသောင်းဆိုသူဖြစ်ပြီး ၎င်းအား ဝါးခယ်မ ​STF အဖွဲ့ဝင် ဧရာဝတီလင်းပိုင်အဖွဲ့ နှင့် ဧရာဗေဒါ အဖွဲ့တို့မှ ပူးပေါင်း၍ ယမန်နေ့ ည ၇ နာရီက ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြောက်ကြားတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

" ကျွန်တော်တို့အဖွဲ့‌တွေကို ဒေသခံတွေက သူအကြောင်းတိုင်ကြားလာပါတယ်။ ကျွန်တော်တို့လဲ ဧရာဝတီလင်းပိုင်အဖွဲ့နဲ့ သေသေချာချာစုံစမ်းပြီး မှ တာဝန်အရ ပြည်သူတွေကိုကာကွယ်ဖို့ သူ့ကိုရှင်းခဲ့ရတာပါ" ဟု ပြောက်ကြားတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်းမှာ အပြစ်မဲ့ပြည်သူများကို PDF ဟု ဆိုကာ စစ်ကောင်စီနဲ့ပူးပေါင်း၍ ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်နေခြင်း၊စစ်ကောင်စီအလိုကျ သတင်းများပေးနေခြင်း၊ပြည်သူအများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေခြင်းများရှိနေသည် သတင်းပေးမှုများကြောင့် ရှင်းလင်းသုတ်သင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျပြီး ဒုက္ခမျိုးစုံပေးနေသော မည်သူ့ကိုမဆို တော်လှန်ရေးအင်အားစုများမှ ဆက်လက် ဒဏ်ခတ် သုတ်သင်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ သတင်းပေး(ဒလန်) ရှင်းလင်းခဲ့သော နယ်မြေအနီးအနား နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီမှထင်ရာမြင်ရာ ရမ်းသမ်းဖမ်းဆီးခံရနိုင်သဖြင့် ဘေးလွတ်ကင်းအောင် စစ်ကောင်စီတပ်ဖွဲ့များအနီးအနား မသွားလာကြရန် မေတ္တာရပ်ခံထားပါသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း ကျုံမငေးမြို့နယ်က သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ ဝေယံ ဆိုသူအား ဧရာဝတီလင်းပိုင်အဖွဲ့ နှင့် ဝါးခယ်မမြို့ပြပြောက်ကျားအဖွဲ့တို့ပူး‌ပေါင်း၍ ရှင်းလင်းခဲ့သေးကြောင်း မြို့ပြပြောက်ကြားအဖွဲ့၏ သတင်းထုတ်​ပြန်ချက်များအရ သိရသည်။


Ayeyarwaddy Times 

ကျိုက်လတ်မြို့နယ်တွင် နှင်းဆီပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူတစ်ဦး အသတ်ခံရ ကျိုက်လတ်မြို့နယ်တွင် နှင်းဆီပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 18:17 Rating: 5

No comments:

Powered by Blogger.