မုံရွာတွင် စစ်ကောင်စီသတင်းပေးဟုဆိုသူ လင်မယားနှစ်ဦးကို မြိူ့ပြပြောက်ကျားအဖွဲ့နှစ်ဖွဲ့မှ သုတ်သင်ရှင်းလင်း
ဖေဖော်ဝါရီ၁၆၊မုံရွာ
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်ကောင်စီသတင်းပေးဟုဆိုသူ လင်မယားနှစ်ဦးကို ယနေ့နံနက်ပိုင်းက Monywa NightKingနှင့်Monywa Ninjaတို့မှ ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရာ သပိတိစစ်ကြောင်းများတွင် သတင်းလိုက်လံယူကာ စစ်တပ်ထံသတင်းပြန်လည်ပေးပို့နေသော လင်မယားနှစ်ဦးကို ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ Monywa NightKingအဖွဲ့တာဝန်ရှိသူတစ်ဦးက မုံရွာသတင်းအေဂျင်စီသို့ပြောသည်။
"သူတို့လင်မယားက သပိတ်စစ်ကြောင်းတွေမှာ အရပ်ဝတ်နဲ့လိုက်ပြီး သတင်းယူတယ်၊စကစကိုလည်းသတင်းပို့တယ်၊လယ်ဇင် pdfစခန်းတွေ စကစဝင်စီးနင်းတော့ သူတို့ကလိုက်ပြတာတွေ ခိုင်လုံလို့ရှင်းလိုက်ရတာပါ"ပြောသည်။
လွန်ခဲ့သည့်ဇန်နဝါရီလပိုင်းအတွင်းက စစ်အင်အားအများအပြားဖြင့် လယ်ဇင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး အသ တ်ခံရသူ လင်မယားနှစ်ဦးက နေရာအတိအကျဖြင့် PDFစခန်းတစ်ခုရှိရာကို လိုက်လံပြသခဲ့တာတွေရှိလို့ ရှင်းလင်းသုတ်သင်ခဲ့တာဟု သိရှိရပါသည်။
Chindwin Yoma Media
No comments:
Post a Comment