ဖေဖေါ်ဝါရီ - ၂၁
မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း ရွာစဉ်လှည့်မွှေနေသော စစ်အုပ်စု ကားနှစ်စီးကို ယနေ့ ညပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ဖင်ထောင်သွားပြီး စကစများ အသေများနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
ယနေ့ ဖေဖေါ်ဝါရီ(၂၁)ရက် ည(၉)နာရီကျော်အချိန်က မတ္တရာမြို့မှ မတ္တရာ အရှေ့ပိုင်းနယ်သို့ နယ်မြေရှင်းလင်းရေး ထွက်လာသည့် စကစကားနှစ်စီးကို မတ္တရာမြို့နယ် လမိုင်းအုပ်စု မန်းကျည်းကုန်းကျေးရွာ နှင့် ရွာသာယာကျေးရွာ အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“တစ်စီးဖင်ထောင်သွားပြီး အထိအခိုက်များနိုင်။ မိုင်းဆွဲတိုက်ခိုက်မှု အပြီးတွင် စကစမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်” ဟု ဒေသခံသတင်းရစ်မြစ်က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ-မတ္တရာ နှင့် Mandalay People's Defense Force (MPDF) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဟု ဆိုသည်။
စကစများ မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာသို့ လူနာတင်ယာဉ်နှစ်စီး ရောက်ရှိလာပြီး အရေအတွက် အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း စကစများ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း မတ္တရာ ပကဖ ကလည်း ဆိုသည်။
စစ်ကောင်စီသည် မတ္တရာမြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ နေအိမ်မီးရှို့၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်းများ ကျူးလွန်နေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များကလည်း စကစများကို မကြာခဏ ပြောက်ကျားတိုက်ခိုက်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment