ပုလဲနယ် မင်းတိုင်ပင်ရွာတွင် ​ဒေသခံ သုံးဦးကို စစ်​ကောင်စီ မီးရှို့သတ်ဖြတ်


 ဖေ​ဖော်ဝါရီ - ၄ 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်​ကျေးရွာတွင် စစ်​ကောင်စီသည် ရွာထဲကို ဝင်​ရောက်​သောင်းကြမ်းပြီး ​ဒေသခံရွာသား သုံးဦးကို မီးရှို့သတ်ဖြတ်ခဲ့​ကြောင်း ​ဒေသခံ​တို့က​​ ပြောသည်။ 

ယမန်​နေ့ ​ဖေ​ဖော်ဝါရီ (၃) ရက်က စစ်​ကောင်စီတပ်သည် မင်းတိုင်ပင်ရွာကို ဝင်​ရောက်​သောင်းကြမ်းပြီး ​​​ရွှေဆိုင်မှ ​ရွှေများကို လုယက်ခိုးယူခြင်း၊ ​ငွေ​​ကြေးများအားခိုးယူခြင်း၊ စတိုးဆိုင်များများ အစားအ​သောက်ရိက္ခာများကို ခိုးယူခြင်းနှင့် အခြားပစ္စည်းများအပါအဝင် ကားသုံးစီးတိုက် ခိုးယူသွား​သည့်အပြင် ​ဒေသခံသုံးဦးကိုလည်း မီးရှို့သတ်ဖြတ်သွားသည်ဟု ​ဒေသခံတို့က​​ ပြောသည်။ 

​သေဆုံးသူနှစ်ဦးသည် အင်းကန်ရွာသားနှစ်ဦးနှင့် အခြားတစ်ဦးမှာ မည်သည့်ရွာကဖြစ်မည်ကို မသိရသေးကြောင်း ​ဒေသခံတို့က​ပြောသည်။ 

စစ်​ကောင်စီတပ်သည် ​ဖေ​ဖော်ဝါရီ (၁) ရက်ကလည်း ​မွေ့တုံရွာမှ အိမ်​ခြေ (၂၀၀) နီးပါးနှင့် ပန်းရွာက အိမ်​ခြေ (၃၀၀) ခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။ 

စစ်​ကောင်စီ ပုလဲမြို့နယ်ရှိ ​ကျေးရွာများကို ယခုလအတွင်း ဆက်တိုက်​​နေအိမ်များကို သောင်းကြမ်းမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကို ဆက်တိုက်လုပ်​ဆောင်​နေသည်ဟု ​ဒေသခံတို့က​ ပြောသည်။  

ယ​ခုည (၇) နာရီတွင်လည်း စစ်​ကောင်စီတပ်သည် ကိုင်းတွင်း​ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီး​နေသည်ဟု ​ဒေသတို့က ဆိုသည်။ 


Mandalay Free Press - MFP

ပုလဲနယ် မင်းတိုင်ပင်ရွာတွင် ​ဒေသခံ သုံးဦးကို စစ်​ကောင်စီ မီးရှို့သတ်ဖြတ် ပုလဲနယ် မင်းတိုင်ပင်ရွာတွင် ​ဒေသခံ သုံးဦးကို စစ်​ကောင်စီ မီးရှို့သတ်ဖြတ် Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.