သဲကုန်းမြို့ရှိ စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးနေသူ ပစ်သတ်ခံရ

ဓာတ်ပုံ- ဒလန်ဇော်လေးကို အကြမ်းဖက်စစ်ကောင်စီဝင်တစ်ဦးနှင့် တွေ့ရစဉ်

သဲကုန်း၊ ဖေဖော်ဝါရီ ၁၇

သဲကုန်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးသည့် ဇော်လေးဆိုသူကို ယနေ့နံနက်ပိုင်း၌ အမည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ဈေးဆိုင်ထွက်ရန်လာသည့်ဇော်လေးကို မြကေသီလမ်း၌ သေနတ်ဖြင့်ပစ်သွားခြင်းဖြစ်ပြီး ယင်းနေရာ၌ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

"ဇော်လေးက အရင်က ရဲသတင်းပေး။ အခုကာလကျတော့ စစ်ခွေးတွေကိုသတင်းပေးလုပ်နေတာ။ ဒလန်ရှင်းမယ်ဆိုတိုင်း သူ့နာမည်ပါတာကို မဆင်ခြင်တော့ အခုလိုဖြစ်တာ"ဟု ဒေသခံတစ်ဦးကပြောသည်။

"သူ့ကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်ခဲ့တာများပြီ။ သတင်းပေးရုံတင်မဟုတ်ဘူး။ ဝန်ထမ်းတွေကိုလည်း ခြိမ်းခြောက်သေးတာ။"ဟု ဒေသခံတစ်ဦးကပြောသည်။

 ပြီးခဲ့သည့်ရက်ပိုင်းကလည်း သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့အဝင်ဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့သည်။


Lu Nge Khit

သဲကုန်းမြို့ရှိ စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးနေသူ ပစ်သတ်ခံရ သဲကုန်းမြို့ရှိ  စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးနေသူ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 00:01 Rating: 5

No comments:

Powered by Blogger.